Part-12

378 30 0
                                    

ညနေဘက် ဆေးရုံကပြန်တော့ လေဒီတို့ကို ကျောင်းတွင် ဝင်ကြိုလိုက်သည်။

'လေဒီ ဘာစားချင်လဲ'

'မောင့်သဘော'

'မောင့်သဘောဆို မောင်က လေဒီ့ကို...'

'ဟိုး ဟိုး တော်ပြီ ကြက်ကြော်စားချင်တယ်'

'ကြက်ကြော် အရက်နဲ့ မြည်းမလို့လား'

'မောင်နော် တို့က alcohol free'

'ဟုတ်ပါပြီဗျာ ဘယ်လိုကြက်ကြော်မျိုးကိုစားချင်ပါသလဲဗျာ'

'Lotteria'

'ဟင် အဲ့တာက ဒီမှာ ဘယ်လိုရှိမှာတုန်း'

'တို့က အဲ့တာဘဲစားချင်တာလေ'

'အဲ့တာဆို မောင်ကြော်ကျွေးမယ်ကွာ အဲ့လိုကြက်ကြော်မျိုး Wint-terriaပေါ့'

'အိုကေ Wint-terriaက Lotteria ကိုမမှီလို့ကတော့ စိတ်ကောက်ပြစ်မှာ'

'ဟိုက် စိတ်တော့မကောက်လိုက်ပါနဲ့ အမတော်လေးရယ်'

'အဲ့တာချည်းဘဲစားရမှာဆိုတော့ အရည်သောက်လေးလဲစားချင်သေးတာ'

'ဘာအရည်သောက်လေးများ သုံးဆောင်ချင်ပါသလဲခဗျ'

'အင်း မောင်တော်ချက်ကျွေးဖူးတဲ့ တုန်ယမ်းဟင်းချိုတော်ကြီးကို သုံးဆောင်ချင်တယ်ကွဲ့'

'အချဉ်အစပ်တွေပါသဖြင့် သန္ဓေသားအတွက် မသင့်တော်ကြောင်းပါ ဘုရား'

'ဒါဖြင့် အချဉ်အစပ်တွေ လျော့ချက်ပေါ့ မောင်တော်ရဲ့'

'ဒီတကြိမ်တခါဘဲ စားခွင့်ပြုမယ်'

'မမရယ် ဘေးကနေ ဇာတ်ကပြနေကြတယ်'

'ဟုတ်ပ မေနွယ်ရယ်'

'ဘာဖြစ်လဲ ဘာဖြစ်လဲ ဘလာ ဘလာ'

အထွန်း၏ ကလေးဆန်သောအပြုအမူကိုကြည့်ကာ အိရယ်မိသည်။

'ဒါနဲ့မမရော ဘာစားချင်လဲ'

'စိမ်းပြောတာဘဲစားကြတာပေါ့'

'အာ့ဆို ဈေးသွားကြမယ် ဆိုင်ကယ်ပေါ်တတ်တော့'

ဈေးရောက်သည်နှင့် အဖွဲ့ခွဲကာ အသီးအရွက်သည်စီသို့ ကျနော်နှင့် လေဒီကလာခဲ့ပြီး အသားသည်စီသို့ မေနွယ်နှင့် မသစ်ခက်ကသွားသည်။

အချစ်ဦး (First Love)Onde histórias criam vida. Descubra agora