part-16

520 37 2
                                    

မကြားချင်ဆုံးစကားကို ကြားခဲ့ရပြီ။ လက်ထဲတွင်ကိုင်ထာသော ဖုန်းမှာလည်း ကြမ်းပြင်ပေါ်သို့ လွတ်ကြသွားသည်။ မျက်ရည်များမှာလည်း အထိန်းအကွပ်မရှိကျဆင်းလာသည်။

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည့် အခြေအနေပင်။ ကြံမိကြံရာကြံလိုက်တာ နောက်ဆုံး အလင်းကိုသတိရသွားသည်။ အလင်းကို ဖုန်းဆက်လိုက်ပြီူ အလင်ကရောက်လာကာ သမီးကိုစောင့်ရင်း ကျန်ခဲ့ပြီး ကျွန်မဆေးရုံသို့အမြန်မောင်းလာခဲ့သည်။

'ဟို ခု...ခုနက ac...accident ဖြစ်ပြီရောက်လာတဲ့လူနာ'

'ဟုတ်ကဲ့ ဒီဘက်က ခွဲခန်းထဲမှာပါ အထဲဝင်လို့မရသေးပါဘ အပြင်က စောင့်နေပါနော် ခွဲစိတ်မှုပြုလုပ်နေပါတယ်'

ကယ်ဆယ်ရေးအသင်းက လူတွေက ကျွန်မကိုတွေ့တော့ ဘာတော်ဆက်သလဲ‌ေမးပြီး မောင့်ပစ္စည်းများကိုပေးသည်။

အချိန်အတော်စောင့်ပြီး မနက်၇နာရီထိုးခံနီးလောက်တွင် ခွဲစိတ်မှုပြီးသည်။
မောင့်တစ်ကိုယ်လုံးကို ပိုက်ပေါင်းများစွာတပ်ထားသည်။

'‌ေဆးရုံအုပ်ရဲ့ အမျိုးသမီးနော်'

'ဟုတ်...ဟုတ်ပါတယ်ရှင့်'

'ဒါဆို ဆရာကတော်ပေါ့'

'ဟုတ်ကဲ့'

'ဆေးရုံအုပ်က အခြေအနေအတော်ဆိုးတယ်ဗျ ဦးခေါင်းပိုင်းကိုတော်တော်လေးထိသွားတယ် ကိုမာဝင်ဖို့များတယ် ကျနော်တို့အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ် ဒါပေမယ့် ၄၈နာရီစောင့်ကြည့်ရမယ် ၄၈နာရီအတွင်း သတိရလာခဲ့ရင် ကိုမာဝင်နိုင်ခြေနည်းသွားပါမယ်ဗျ အဲ့လို သတိရလာခဲ့ရင် မှတ်ဉာဏ်တွေတော့ ဆုံးရှုံးသွားလိမ့်မယ်'

'ရှင်'

'စိတ်ကို အတတ်နိုင်ဆုံးပြင်ဆင်ထားပေးပါ'

'.....'

ဘာစကားမှမပြောနိုင်လောက်အောင် ဆွံ့အသွားမိသည်။

*တို့မှားပါတယ်မောင်ရယ်။ တို့မင်းနဲ့ရန်မဖြစ်ခဲ့သင့်ဘူး။ တို့မှားပါတယ်။ မောင့်နေရာမှာ တို့သာဖြစ်လိုက်ချင်တယ်။ ပြန်လာခဲ့ပါမောင်ရယ်။*

အချစ်ဦး (First Love)Where stories live. Discover now