Part-17

308 31 4
                                    

ကျွန်မနဲ့ ရန်ဖြစ်ပြီး အိမ်ကထွက်သွားသည့်မောင်။ အခုလိုများဖြစ်ခဲ့ရသည်တောင် မောင်က ကျွန်မကို ချစ်နေတုန်းဘဲ။ မောင်က ကျွန်မကို သုံးကြိမ်တိတိချစ်ရေးဆိုခဲ့လေပြီ။ ဝေးဖို့အကြောင်းဖန်လာလည်း မောင့်နှလုံးသားလေးက ကျွန်မမှ ကျွန်မဖြစ်နေလေပြီ။

မိန်းကလေးတစ်ယောက်ရဲ့ မပြောင်းလဲတဲ့ အချစ်များကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ယောက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးလူသားဟု လူများအရှေ့တွင်ကြွေးကြော်လိုက်ချင်သည်။ ပတ်ဝန်းကျင်ဆိုတဲ့အရာကို ဂရုမစိုက်ဘဲ။ ကြီးမားတဲ့ အသိုင်းအဝိုင်းနှစ်ခုရဲ့ ဖိအားပေးခြင်းကြောင့် အမည်းစက်ထင်သွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို မပြောင်းမလဲချစ်ပေးနိုင်တဲ့မောင်။ မောင့်ကို ကျွန်မသိပ်ကျေးဇူးတင်မိသည်။

'မားမား'

'.....'

'မားမား'

'.....'

'မားမား'

မောင့်အကြောင်းချီးမွမ်းခန်းဖွင့်နေသည်နှင့် သမီးလေးခေါ်သံကိုမကြားလိုက်မိပေ။

'ဟေ ဟေသမီးလေး ပြော'

'မြတ် ဒီလောက်ခေါ်နေတာကို'

'ဟုတ်ပါပြီ သမီးရယ် မားမား အတွေးလွန်သွားလို့ပါ'

'ပါးပါးက မြတ်ကို ဘယ်တော့မှ ပြန်သိမှာလဲဟင်'

'အချိန်ခဏတော့ယူရမှာပေါ့ သမီးရယ်'

__________

မောင့် အတိတ်မေ့နေတာ သုံးလတိတိရှိခဲ့ပြီ။ သုံးလအတွင်းမှာ မောင်က ကျွန်မနဲ့သမီးလေးကို တော်တော်လေးသိနေပြီ။ အလင်းနှင့် စုကိုလည်း သိနေပြီ။

အလုပ်တော့ပြန်မလုပ်သေးပေ။ မောင့်အချိန်တွေအကုန်လုံးကို ကျွန်မတို့သားအမိနှင့် ကုန်ဆုံးသည်။ မောင်ဖြစ်သည့်အချိန်က ကျွန်မကျောင်းပိတ်ဖို့ တစ်လအလိုလောက်ဆိုတော့ ခုချိန်မှာ နွေရာသီကျောင်းပိတ်ရက်ကိုရောက်နေလေပြီ။

'မောင် သမီး‌လေး ထတော့လေကွယ်'

'အင်း...ခဏဘဲ ခဗျားရယ်'

အချစ်ဦး (First Love)Where stories live. Discover now