Part-15

519 34 2
                                    

အိမ်အတွက်လိုအပ်‌တာလေးတွေဝယ်ရန် အိမ်နားရှိ One Stop Martကိုထွက်လာခဲ့သည်။ လေဒီက အသီးအရွက်တစ်ချို့နှင့် အသားတစ်ချို့ ယူလိုက်ပြီး ကျနော်ကတော့ သမီးလေးနှင့်အတူ မုန့်တန်းတွင် မုန့်ဝယ်နေကြသည်။

'ပါးပါး'

'ပြောသမီးလေး'

'ဟိုမှာ ညက်ကြိုက်တဲ့ဟာ'

သမီးလေးက Nutella ဘူးကို လက်ညိုးထိုးပြသည်။

'ဟုတ်ပြီ ပါးပါးဝယ်ပေးမယ်နော်'

'ပါးပါး ပင်ကယ် ပင်ကယ်'

စကားမပီသော သမီးလေးကြောင့် Pringlesမှာ ပင်ကယ်ဘဝသို့ရောက်လေသည်။

'ဟုတ်ပြီ ပါပါးဝယ်ပေးမယ်'

'မောင် တော်တော့လေ ဝယ်ထားတဲ့ မုန့်တွေကိုလည်းကြည့်အုန်း အများကြီးဘဲ ကလေးနဲ့အပြိုင်စားမလို့လား'

'နည်းတောင်နည်းနေသေးတယ်လေ အချစ်ရယ် နော်သမီး'

'ဟုတ် ဟုတ်'

'ငါ့နှယ့် ကလေးနှစ်ယာက်မွေးထားရသလိုဘဲ'

ဈေးဝယ်ပြီးတော့ ကားပေါ်ရောက်သည်နှင့်

'မောင် ဗိုက်ဆာလိုက်တာ'

'ပါးပါး ဗိုက်ရှာတယ်'

'အောင်မလေး သံပြိုင်ထွက်လာကြတယ်'

'ဘာစားကြမလဲ အမတော်လေးတို့'

'ရှမ်းစာလေးတွေစားချင်တယ် မစားရတာ တစ်ရက်ကြီးတောင်ရှိပြီ'

'သမီးရော စားမှာလား'

'ညက်က...'

'စားစား မစားစားကွာ မားမား စားချင်နေတာဆိုတော့ စားလိုက်ကွာ'

သမီးလေးက မျက်စိကလယ်ကလယ်နှင့်ကြည့်နေသည်။

'ဒီနားမှာ မောင်စားနေကြဆိုင်တစ်ဆိုင်ရှိတယ် အဲ့သွားကြမယ်'

အချိန်ကြည့်လိုက်တော့ ညနေဘက် ၃နာရီကျော်နေပြီဖြစ်သဖြင့် ကျနော်စားနေကြ အထက(၄)သင်္ဃန်းကျွန်းကျောင်းအနီးရှိ ပြည်တော်အေးလမ်းထဲတွင်ဖွင့်ထားသော ရှမ်းခေါက်ဆွဲဆိုင်သို့ခေါ်လာခဲ့လိုက်သည်။

'ဒီဆိုင်က ရှမ်းစာတွေ အရမ်းကောင်းတာ မောင်မာမီနဲ့လာစားနေကြ'

အချစ်ဦး (First Love)Where stories live. Discover now