Part-11

411 33 4
                                    

'ကျနော် တီချယ့်ကို တာဝန်ယူမယ်'

'ဟင် အထွန်း နင်တကယ်ပြောနေတာလား'

'အင်း'

သူမနှင့် မသစ်ခက်မှာတော့ အံ့ဩသည့်ပုံစံဖြင့်ဝိုင်းကြည့်နေကြသည်။
ထို့နောက် သူမက စားလက်စ ပန်းကန်ကို ထားခဲ့ပြီး အိမ်ရှေ့သို့ ထထွက်သွားသည်။

'အိ..'

မသစ်ခက်က ခေါ်နေပေမယ့် သူမလှည့်မကြည့်ဘဲ ထွက်သွားကာ အိမ်ရှေ့ရှိ ခုံတန်းလျားလေးတွင်ထိုင်နေသည်။

စားသောက်ပြီး ကျနော်နှင့် မေနွယ်က ထမင်းဝိုင်းသိမ်းလိုက်ပြီး မသစ်ခက်က သူမစီသို့ထွက်သွားသည်။

'အိ'

'ငါလေ သူငါ့ကိုချစ်အုန်းမယ်လို့ မထင်ထားခဲ့ဘူး သူလေ ငါ့ကိုမေ့နေပြီလို့ ငါခင်ထားခဲ့တာ ပြီးတော့ သူရည်းစားရနေပြီဆိုတဲ့ သတင်းတွေလည်း ငါအများကြီးကြားခဲ့ရတယ်'

'သူကလေ ရည်းစားထားဖို့မပြောနဲ့ လာကြိုက်သမျှလူတိုင်းကို သူသိပ်ချစ်ရတဲ့သူတစ်ယောက်ရှိတယ်ဆိုပြီး ငြင်းနေခဲ့တာ'

'ဟင် ဟုတ်လား'

'အဲ့ထဲမှာ ငါလည်း တယောက်အပါအဝင်ပေါ့ နင်ကတခါမှ သူ့ပုံလည်းမပြဘူး သူ့နာမည်လည်း မပြောဘူးတော့ ငါမသိခဲ့လို့ပါသူငယ်ချင်းရယ်'

'အင်းပါ ရပါတယ်'

'ဒါပေမယ့် ခုငါသူ့ကိုမကြိုက်တော့ဘူး ခဏတာအနေနီးလို့ စိတ်ယိုင်သွားခဲ့ယုံပါ'

'ဒါဆို နင်ဘသူ့ကိုမှ မကြိုက်တော့ဘူးပေါ့'

'အမှန်တိုင်းပြောရရင် မေနွယ်ကိုငါချစ်တယ် သူကလည်း ငါ့ကိုဖွင့်ပြောထားတယ် ဒါပေမယ့် ငါသူ့ကို အဖြေမပေးရသေးဘူး'

'အပျိုကြီးအချစ်ကိုရှာတွေ့သွားတာပေါ့'

'အင်း'

'စိမ်း ငါလေ အထွန်းကို ချစ်‌တယ်ဆိုပေမယ့် ဒီကိစ္စကိုတော့ တာဝန်မယူစေချင်ဘူး'

'ဘာလို့လဲ'

'သူက နာမည်ရနေတဲ့ဆရာဝန်တယောက်လေ ပြီးတော့ ငါကမုဆိုးမတစ်ယောက်ဖြစ်နေပြီ ငါ့မှာယောက်ျားရှိမှန်းလည်း လူတွေက သိနေပြီ ပတ်ဝန်းကျင်က အငြိမ်နေမှာမဟုတ်ဘူး ငါသူ့အတွက် စိတ်ပူတယ်ဟာ'

အချစ်ဦး (First Love)Where stories live. Discover now