Part-4

404 25 0
                                    

လေဒီ ဆန်ပြုတ်သောက်နေပုံလေးဟာ အလွန်ပင်ချစ်ဖို့ကောင်းသည်။ လေဒီက တစ်ခါတစ်ရံ ကလေးနှင့်တူသည်။ တစ်ခါတစ်ရံ လူကြီးနှင့်တူပြန်သည်။
လေဒီ့ကို ကျနော်စိတ်မချဖြစ်မိသည်။ ဖြစ်နိုင်ရင် ထိုအမျိုးသမီးလေးအား အာခံတွင်းထဲတွင် ငုံထားလိုက်ချင်မိသည်။

__________

ကျောင်းတတ်တာနှစ်ဝက်ရောက်တော့ စာမေးပွဲဖြေရသည်။ စာမေးပွဲဖြေသည့် အတောအတွင်းအတွင်းပြဿနာတစ်ချို့စလာသည်။

အကြောင်းမှာ လေဒီ့အား အခြားဆရာမများက ကျနော်နှင့် ဖလဲတကင်းဖြစ်နေသည့်အကြောင်းမှ စတင်ကာပြောဆိုကြသည်။

စာမေးပွဲဖြေနေသည့်ရက်ပိုင်းတွင် လေဒီမျက်နှာမကောင်းသည်ကို သတိထားမိသည်။ ဘာဖြစ်လို့လဲမေးတိုင်း "ဘာမှမဖြစ်ဘူး" ဆိုသည့်စကားသာပြန်ပြောသည်။

စာမေးပွဲပြီးမှ ထိုကိစ္စများကျနော်သိရသည်။ ဒါတောင်သူပြောပြသည်မဟုတ် နားနေခန်းနားအသွား ဆရာမတစ်ချို့ပြောသံကြားခဲ့ရခြင်းဖြစ်သည်။

ကျနော်လည်း လေဒီ့ကို မထိခိုက်စေချင်တာနဲ့ ကျောင်း‌တွင် လေဒီ့ကိုရှောင်နေလိုက်မိသည်။ လေဒီကလည်း ရှောင်နေသည်။

'အထွန်း အထွန်း' (မေနွယ်)

'ဟင်'

'နင်ကိုခေါ်ရတာ ငါအသံဝင်တော့မယ်'

'အာ ဆောတီးမေနွယ် ငါမကြားလိုက်မိဘူး'

'နင်ဘာဖြစ်နေတာလဲ ခုရက်ပိုင်း မှိုင်နေသလိုဘဲ'

'ဘာမှမဖြစ်ပါဘူး ပုံမှန်အတိုင်းပါဘဲ'

'အင်း ပြီးတာဘဲ'

ခဏကြာတော့ လေဒီက အတန်းထဲဝင်လာသည်။
ကျနော်လည်း အိမ်စာရေးဖို့ လေဒီ့ကိုမြင်မှ သတိရမိသည်။

'အိမ်စာစစ်မယ်'

လေဒီ့အသံက ခက်ထန်နေသည်။ သူတစ်ခုခုဖြစ်လာပုံရသည်။ ဒီပုံစံအတိုင်းဆို ရိုက်ခံရတာသက်သာမည်မထင်။ ဒါပေမယ့် လေဒီက ကျနော့်ကိုဆို အမြဲဖွဖွလေးဘဲရိုက်တတ်သည်။

'ဟာ အိမ်စာရေးဖို့မေ့ခဲ့တယ်'

'ငါရောဘဲ သေတော့မှာဘဲ ငါတို့တော့'

အချစ်ဦး (First Love)Where stories live. Discover now