Part-9

357 29 2
                                    

'သူကြီး တောင်ပေါ်မှာ ဆိုင်ကယ်မှောက်လို့တဲ့'

'ဟေ ဟုတ်လား ဘသူလဲ'

'မသိဘူး ကောင်မလေးတစ်ယောက်လို့ပြောတယ်'

'ဟင် မဟုတ်မှလွဲရော...' မသစ်ခက်ကပြောလိုက်သည်။

'သွားကြည့်ရအောင် မမ'

'တို့လည်းလိုက်မယ်လေ'ဟု ပြောကာ ဒေါ်အိမြတ်ချယ်ပြေးထွက်လာသည်။

'အမြန်လာ အိ'

ဖြစ်ပွားရာနေရာသို့ သူကြီးနှင့် မေနွယ်တို့ အားလုံးရောက်လာကြသည်။ ထိုနေရာရောက်တော့ လူများ အုံခဲနေကာ ဝင်မရဖြစ်နေသည်။

'ဟေ့ လူတွေ ဖယ်ကြအုန်း ဒီမှာ သူကြီးလာတယ်'

လာခေါ်သော ကာလသားလေးက လူအုပ်ကြည့်ကြားအောင်အော်လိုက်သည်။ ထိုအသံကြောင့် လူတွေက လမ်းဖယ်ပေးကြသည်။

လူအုပ်ကြားထဲဝင်သွားတော့

'‌သူကြီး ဆေးရုံကားခေါ်မှရမယ်'

အထွန်းရဲ့အသံထွက်ပေါ်လာသည်။ အထွန်းလက်ပေါ်တွင် သွေးများပေကျံနေသည်။

'ဒေါက်တာလေး ဒီကို ကားဝင်လို့မရဘူးလေ'

'ဒါဖြင့် ဆိုင်ကယ်ရော'

'ဆ်ုင်ကယ်တော့ရှိတယ် ကာလသားတွေကို ဆေးရုံကိုပို့ခိုင်းလိုက်မယ်'

'ဟုတ်ပြီ ကျနော်နဲ့မေနွယ် သွားနှင့်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်မယ်'

'တို့နှစ်ယောက်လည်း လိုက်ခဲ့မယ်မေနွယ်'

'ဟင် မမတို့နှစ်‌ယောက်က ဘာလိုက်လုပ်မှာလဲ'

'မင်းတို့နှစ်ယောက်တည်း စိတ်မချဘူး'

စိမ်း မေနွယ့်ကိုစိတ်မချဘူး။ သူတစ်ခုခုဖြစ်သွားမှဖြင့်။ လူနာကြောင့် သူတို့နှစ်ယောက် အမြန်မောင်းမှာကို ‌စိမ်းကြိုသိနေတယ်။ ဒီတောင်က အရမ်းအန္တရာယ်များတယ်။ အိကလည်း အထွန်းကို စိတ်မချဘူးဆိုတာ စိမ်းသိသည်။ ဒါကြောင့်လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

'ဟုတ်ကဲ့ ဒါဖြင့် မမက မေနွယ်နဲ့လိုက်ခဲ့ တီချယ်က အထွန်းနဲ့လိုက်သွားလိုက်နော်'

အချစ်ဦး (First Love)Where stories live. Discover now