part-13

351 31 0
                                    

'အား မောင်'

'လေဒီ'

လေဒီ့ခြေထောက်မှ သွေးများစီးကျလာသည်။ ကျနော်လည်း လေဒီ့ကို ပွေ့ချီလိုက်ပြီး

'လေဒီနဲ့ ဗိုက်ထဲကကလေး တစ်ခုခုဖြစ်လို့ကတော့ ခဗျားတို့အားလုံးကို အရှင်မထားဘူး'

ထိုသို့ကြိမ်းမောင်းကာ လေဒီ့ကိုချီပြီး ဆေးရုံအမြန်ပြေးလာရသည်။ အလင်းပါပါလာသည်။ ဆေးရုံရောက်တော့ လေဒီ ချက်ချင်း operation ဝင်ရသည်။

Operation ခန်းရှေ့တွင် ရသမျှဘုရားစာအကုန်ရွတ်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။

'အလင်း သူတစ်ခုခုဖြစ်သွားရင် ဘလိုလုပ်မလဲ'

'အထွန်းနင်ကလည်း စိတ်လျှော့ပါဟာ နင့်လေဒီကို ကုပေးနေတဲ့သူက ဒီဆေးရုံရဲ့ အကောင်းဆုံးဆရာဝန်ပါဟ'

'အေးပါ ဒါပေမယ့် ငါစိတ်ပူတယ်'

ထိုအချိန် သူနာပြုတစ်ယောက်ထွက်လာပြီး

'လူနာက သွေးလိုနေတယ်'

'သွေး ဘာသွေးလဲ'

'လူနာသွေးက AB negative'

'ကျနော်သွေးကိုယူပါ ကျနော်နဲ့ သွေးအမျိုးအစားတူတယ်'

'ဟုတ်ပြီ အဲ့တာဆိုလိုက်ခဲ့ပါ'

လေဒီအတွက် သွေးလှူလိုက်သည်။ ထို့နောက် အမြန်ပြန်လာလိုက်သည်။

'ဟဲ့ အခုမှ သွေးလှူပြီးတာကိုဘာလို့ပြေးလာတာလဲ'

'စိတ်ပူတယ်ဟ ခုနက ကို..အယ် ဒေါက်တာထွက်လာတယ် ဘာမှမဖြစ်တော့ဘူးတဲ့ စိတ်ချရတဲ့အခြေအနေရောက်နေပြီတဲ့'

'ဟုတ်လား တော်သေးတာပေါ့ဟာ'

ခနကြာတော့ သူနာပြုတစ်ယောက်က ကလေးချီပြီး ထွက်လာသည်။

'သမီးလေးမွေးပါတယ် ကလေးရော အမေရော ကျန်းမာပါတယ်နော်'

'အား ကျေးဇူးတင်ပါတယ်ဆရာမရယ်'

'ဟုတ်ကဲ့ အခုတော့ ကလေးကိုပြန်ခေါ်သွားရအုန်းမယ်'

'ဟုတ်ကဲ့ဗျ'

ထို့နောက် သူနာပြုက သမီးလေးကိုချီကာ အထဲပြန်ဝင်သွားသည်။

အချစ်ဦး (First Love)Where stories live. Discover now