မနက်မိုးလင်းတော့ အကုန်လုံးမနိုးကြသေးဘဲ ကျနော်တစ်ယောက်တည်းနိုးနေသည်။
အိပ်ယာပေါ်တွင် ခွေခွေလေးအိပ်နေသော သူမအားကြည့်ရင်း အရင်လိုသာပိုင်ဆိုင်ရရင် ပြေးနမ်းမိမှာ အမှန်ပင်။
သူမခြုံထားသည့်စောင်လေးအောက်ကြနေသဖြင့် ပြန်ကောက်ကာ သူမကိုခြုံပေးလိုက်သည်။
ထို့နောက် လူနာကြည့်ရင် လူနာဆောင်ဘက်ထွက်လာလိုက်သည်။
'လူနာသတိရပြီလား'
'မရသေးပါဘူး ဒေါက်တာ'
'သူ့ခေါင်းဒဏ်ရာက တော်တော်ပြင်းတော့ သတိရအုန်းမယ်မထင်ဘူး သူ့ကိုဆက်စောင့်ကြည့်နေရမယ် သူ့မိသားစုရော ဖုန်းဆက်ပြီးပြီလား'
'ဟုတ် ခုနကဘဲ အဆက်အသွယ်ရပါတယ် သူတို့လာနေပြီလို့ပြောပါတယ်'
'ကောင်းပြီ'
သူနာပြုမလေးတစ်ယောက်နဲ့ စကားပြောပြီးနောက် ဆေးရုံစောင့်ကြီးကို မနက်စာသွားဝယ်ခိုင်းလိုက်သည်။
ကျနော်ပြန်ရောက်တော့ မေနွယ်နှင့် မသစ်ခက်ကနိုးနေလေပြီ။
'အထွန်း မသစ်ခက်ပြောစရာရှိလို့ ခဏလောက်'
'ဟုတ်ကဲ့'
မသစ်ခက်က ကျနော့်ကို နားနေဆောင်ဘေးကိုခေါ်သွားသည်။
'အထွန်း အရင်က ကိစ္စတွေအမမင်းကိုတောင်းပန်ချင်လို့ပါ အဲ့တုန်းက မင်းက တို့သူငယ်ချင်းရဲ့...'
'ရပါတယ် ဘာမှမဖြစ်ဘူး မသစ်ခက်'
'ဒါနဲ့ ပြောပြစရာလို့'
'ဟုတ်'
'မေနွယ်လေ သူ့ကိုအမချစ်တယ် ဒါပေမယ့် အဖေက လက်ခံမယ်မထင်ဘူး ပြီးတော့ ပတ်ဝန်းကျင်ကလည်းရှိသေးတယ်လေ နောက်ပြီး ဆရာမဆိုတာကြီးကလည်းရှိနေသေးတယ်'
'အမသူ့ကိုချစ်တယ်မလား အမသူ့လက်ကို ရဲရဲကြီးဆုပ်ကိုင်လိုက်စမ်းပါ
ပတ်ဝန်းကျင်ကို ဘာလို့ဂရုစိုက်နေရမှာလည်း သူတို့က ကိုယ့်ထမင်းရှင်လည်းမဟုတ် သူတို့ကို ဂရုစိုက်နေမယ့်အစား ကိုယ်ချစ်တဲ့ သူကိုဘဲ ဂရုစိုက် ပြီးတော့ ဆရာမဆိုတာနဲ့ဘဲ မိန်းကလေးချင်းမကြိုက်ရတော့ဘူးလား အမရယ် မေနွယ့်ကိုယုံကြည်ပေးလိုက်ပါ အဓိကက တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပြီး အရာအားလုံးကို အတူရင်ဆိုင်ဖို့ သူကြီးကိုလဲ တဖြည်းဖြည်းချင်းနားချရင်ရမှာပါ'
YOU ARE READING
အချစ်ဦး (First Love)
Romantikkကြိုးတစ်ချောင်းကို လူနှစ်ယောက်တူတူ ဆုပ်ကိုင်မိပြီဆို အဲ့ကြိုးက ပြတ်ဖို့ခက်တယ်တဲ့။ ပြတ်သွားခဲ့ရင်လည်း ပြန်ဆက်ဖို့ခက်တယ်တဲ့။