part~3

1.2K 21 0
                                    

~အစိမ်းသက်သက်~

အပိုင်း(၃)

မသိတဲ့မျက်နှာစိမ်းတွေရဲ့အလယ်မှာ ကြာကြာမနေချင်တော့လို့ ထိုဧည့်ခံပွဲကနေ တစ်ယောက်တည်းပြန်လာခဲ့လိုက်သည်။ လမ်းထိပ်ထိ ခြေလျင်လျှောက်လာပြီးမှ တက္ကစီတစ်စီးငှါးခဲ့လိုက်၏။

ဒီလိုပုံစံမျိုးလုပ်မယ်ဆိုရင်လည်း ရှင် ဘာဖြစ်လို့ ကျွန်မကို အတူခေါ်သွားနေသေးလည်း ဦးဝဠာမှိုင်း.....ရှင့်ကိုတော့ တော်တော်လေးစိတ်ပျက်သွားပြီ.. ...

"ဟယ်...သခင်မလေး တစ်ယောက်တည်းပြန်လာတာလား...."

"ဟုတ်တယ်..."

"ဝဠာမှိုင်း ဘယ်ကျန်နေခဲ့လည်း.... "

ဧည့်ခန်းမှာ စာထိုင်ဖတ်နေတဲ့ ယောက္ခမကြီးက ထမေးလေသည်။

"အသက်ကြီးကြီး မိန်းမတစ်ယောက်နဲ့ ကျန်နေခဲ့တယ်အဘိုး....သူ့ကိုခေါ်တာတော့မောင်တဲ့...ပိုးနှယ် တစ်ယောက်တည်း အဲ့ပွဲမှာမနေချင်တော့လို့ ပြန်လာခဲ့တာ.."

"မင်းက သူ့မိန်းမဘဲ..... သူ့ကိုစောင့်ပြီးမှ ပြန်လာခဲ့လိုက်ပေါ့...ဒါမှမဟုတ် မင်းသူ့ကိုလိုက်ရှာသင့်တယ်လေ"

"တခြားမိန်းမခေါ်ရာ သရေတမြားမြားနဲ့ လိုက်သွားတဲ့ယောက်ျားကို ပြန်ခေါ်ဖို့အထိ ပိုးနှယ်သဘောထားမကြီးနိုင်ဘူးအဘိုး.....ဒါအဘိုးသားကို ချစိလွန်းလို့မဟုတ်ဘူးနော်..... အချိန်ကုန်မခံနိုင်လို့...."

ပိုးနှယ် စကားကိုထိုသို့သာဖြတ်ပြီး သူမအခန်းရှိရာ အပေါ်ထပ်ဆီသို့ လှေကားအတိုင်းတက်သွားလေတော့သည်။

"မင်းရဲ့ချွေးမအငယ်ဆုံးလေးက မင်းလိုပါဘဲလားမြင့်ရယ်....မင်းနဲ့တူလိုက်တာကွယ်..."

မြင့်အကြောင်းစဉ်းစားလိုက်ရင်း ဦးစောရမှိုင်းရင်ဘတ်တစ်နေရာ စူးကခနဲအောင့်သက်သွားလေတော့၏။

~~~

မ..ဆီမှ သူပြန်လာပြီး သူမကိုရှာကြည့်ရာ သူမအားမတွေ့တော့ပေ။ dinnerမှာရှိသမျှ လူတွေကြားထဲ လိုက်ရှာကြည့်ပြန်သော်လည်း မတွေ့....သူ့ကိုတစ်ယောက်တည်းထားခဲ့လို့ စိတ်ဆိုးပြီး ပြန်သွားတာဖြစ်လိမ့်မည်။

~အစိမ်းသက်သက်~Where stories live. Discover now