part~18

861 13 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၈)




မျက်လုံးကို အဝတ်စည်းထားသဖြင့် ဘယ်လမ်းတွေ ဘယ်နေရာတွေရောက်နေမှန်း ပိုးနှယ်မသိပါ။ ဘေးကလူနှစ်ယောက်ရဲ့ ချဥ်တူးတူးအရက်နံ့တွေသာရနေ၏။


ပြီးတော့ ရှေ့ကမောင်းတဲ့သူနဲ့ စကားတွေပြော ရယ်မောနေကြပြီး ဆေးလိပ်အနံ့တွေကလည်း ကားတစ်ခုလုံး မွှန်ထူနေ၏။
မိုးမိထားတာရော ကားပေါ်က အဲကွန်းက
အအေးဒဏ်ရောကြောင့် လူက ခိုက်ခိုက်တုန်ပြီး ချမ်းနေရသည်။






"အကိုကြီး....... ကောင်မလေးက အေးနေရှာတယ်ဗျ....ဟား."





"မကြာခင် နွေးသွားရတော့မှာပါကွာ.....ဟားဟား.. "






"ဒီမှာ ရှင်တို့ဘယ်ကလူတွေလည်း....မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်တာ တရားဥပဒေအရ ဘယ်လိုအပြစ်ပေးခံရမယ်ဆိုတာ ရှင်တို့မသိဘူးလား.....ဟမ်...."





"ဟ.....တရားသူကြီးမင်းကတော်က အမိုက်စားလေးဘဲ...အကိုကြီး.... ကျွန်တော်တို့ လက်ခုပ်ထဲကရေဖြစ်နေတာတောင် လေသံက မလျှော့ဘူးဘဲ....."





"သူနဲ့စံပယ်နဲ့က တူတူဘဲ......ဟိုကောင်မကလဲ....ငါ့လက်ခုပ်ထဲကရေသာဖြစ်နေတာ.... လေသံမလျှော့လို့ ခေါင်းကိုတစ်ချက်ထဲ ရိုက်ခွဲပစ်လိုက်တာ......ဒါပေမယ့် တစ်ခုတော့မတူဘူးကွ.....
ဒီကောင်မလေးက ပညာတတ်တယ်...ကျက်သရေရှိပြီး မာနကြီးတယ်...... "




ဒါဆို..... ဒါဆို.ကား​မောင်းနေသည့်
ဒီလူက မစံပယ်ကို အခုလိုတွေဖြစ်အောင်လုပ်ခဲ့တဲ့ တရားခံပေါ့.. .သူ့အပြစ်ခံရမှာစိုးလို့ ပိုးနှယ်ကို သက်သက်ပြန်ပေးဆွဲလာတာဖြစ်မယ်.....






"ရှင်က မစံပယ်ကို ရိုက်ခဲ့တဲ့လူဘဲ.....ရှင်တအားယုတ်မာပါလား...ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ဒီလောက်ကြီးအထိ လုပ်ရအောင် ရှင်တော်တော် လူမဆန်တာဘဲ...."





"ဟားဟား....... ဒီ့ထက်ယုတ်မာတာကို ပြောရရင် မင်းကိုလည်း ငါ့မယားဖြစ်အောင် လုပ်တော့မလို့ဘဲ.... "




"ရှင်တို့.....ရှင်တို့ကို ကျွန်မယောကျ်ားက အလွတ်ပေးမှာမဟုတ်ဘူး.... သူ ကျွန်မကို မြေလှန်ပြီး ရှာမှာ.... "





~အစိမ်းသက်သက်~Där berättelser lever. Upptäck nu