part~21

905 10 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၁)




ဆေးရုံမှာ သတိရနေပြီဖြစ်နေသော်လည်း......မထနိုင်သေးသည့်စံပယ်က သူတို့လင်မယားကိုတွေ့သောအခါ အတင်းထလေသည်။ပိုးနှယ်လည်း မစံပယ်နားပြေးသွားကာ.....





"မထနဲ့လေ.....မစံပယ်ရဲ့......ခေါင်းကဒဏ်ရာနဲ့မူးနေမှာပေါ့.."





မစံပယ်က သူမကိုသေချာကြည့်ပြီး လက်ခုပ်ကလေးချီကာ....မျက်ရည်တွေအပြည့်ဖြင့်....





"ကျေးဇူးအရမ်းတင်ပါတယ် .........အစ်မ​ရော
အစ်မကလေးရောမှာ ပိုးနှယ်ပေးတဲ့အသက်ဘဲရှိပါတော့တယ်.......ဘယ်လိုတောင်ကျေးဇူးပြန်ဆပ်ရမလည်း မသိတော့ပါဘူး....... "





ပိုးနှယ်က မစံပယ်လက်နှစ်ဖက်ကို အသာအယာ ဖွဖွလေး ဆုပ်ကိုင်ပြီး....



"လက်အုပ်မချီပါနဲ့ အစ်မရယ်...... ပိုးနှယ်ကို ဘာကျေးဇူးမှလည်းပြန်ဆပ်စရာမလိုပါဘူး.."



တကယ့်ကို စိတ်ထားကောင်းတဲ့မိန်းကလေးတစ်ယောက်ပါဘဲ....





တရားသူကြီးမင်းကို ကြည့်လိုက်တော့ သူ့မိန်းကလေးကိုသာ ပြုံးကြည့်နေလေသည်။ ဒီလိုမိန်းကလေးတစ်ယောက်က တရားသူကြီးမင်း၏ အချစ်နှင့် ထိုက်တန်ပါလေသည်။






"ကျွန်မဆီကဖြစ်တည်​နေတဲ့ကလေးက..... တရားသူကြီးမင်းရဲ့ကလေးမဟုတ်ပါဘူး......ဒီကလေးက..."





"ပိုးနှယ် အကုန်သိပြီးပါပြီ မစံပယ်......ဦးဝဠာမှိုင်းလည်း သိပြီးသားပါ..... ရှင်းပြစရာတောင်မလိုတော့ပါဘူး......"





ကလေးက သူ့ကလေးမဟုတ်ဘဲ လိမ်ညာခဲ့မိတဲ့ သူ့ကိုယ်သူတောင်ရှက်မိပါသေးသည်။ လိမ်ညာခဲ့တဲ့ ငါ့လိုမိန်းမကို ခွင့်လွှတ်တာ သူတို့က တကယ့်ကို စိတ်ကောင်းရှိတာဘဲ.....




"ကျေးဇူးအများကြီးတင်ပါတယ်ရှင် တကယ်ကိုပါဘဲ..တရားသူကြီးမင်းတို့က တကယ်စိတ်ကောင်းရှိလို့ပါ....မဟုတ်ရင် ကျွန်မပါ အချုပ်ထဲရောက်နေမှာ..."






"ကိုယ်ဝန်ဆောင်တစ်ယောက်ကို အချုပ်ထဲ ထည့်ရလောက်အောင်အထိ ငါက မရက်စက်ပါဘူး စံပယ်......ပြီးတော့
မင်းလုပ်သမျှ လိမ်သမျှတွေက မင်းနောက်က
ကြိုးကိုင်တဲ့လူရှိလို့ဘဲဟာ ...ခွင့်လွတ်ပါတယ်...."






~အစိမ်းသက်သက်~Where stories live. Discover now