part~15

962 14 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၅)



လမ်းမှာ ကိုယ့်အတွေးနဲ့ကိုယ်ပြန်လာလိုက်တာ နောက်ကနေ
ကားဟွန်းတီးသံကြားမှ လန့်ပြီး လမ်းဘေးသို့ကပ်လိုက်သည်။



"ဟေ့ ကားလာနေတာမမြင်ဘူးလား....ပုံစံကြည့်တော့
ဘွားကြီးအိုပေါက်စပုံစံနဲ့..လျှောချင်နေပြီထင်တယ်..."




တကူးတကနဲ့ ကားရပ်ပြီးတောင် ရန်တွေ့နေသည့် မျက်မှန်အနက်နှင့် ကားပေါ်ကလူ....



ပြူးကြောင်ကြောင်နဲ့ကြည့်နေတဲ့ ကောင်မလေးကိုကြည့်ပြီး




"ရူးနေတာထင်တယ်....ဒါမှမဟုတ် အ များ အနေတာလား...."





"အံမာ.....ရှင် စကားပြောတာလွန်နေပြီနော်....ကားစီးနိုင်တယ်ဆိုပြီး ကြီးကျယ်နေတာ...လမ်းကဖြင့်အကျယ်ကြီး ရှောင်သွားပါ့လား....သူကရူးနေတာများ လာပြီးတော့ "




"အော်....ဟား...စကားတော့ပြောတတ်သားဘဲ ဘွားကြီးအိုလေး..ဒါဆို ကျွန်တော်မျိုးဘဲမှားပါတယ်....ခွင့်ပြုပါဦးခင်ဗျ  "



ကြွ ကြွ ဆိုသည့်မျက်နှာဘေးနှင့် သူ့ကို မျက်စောင်းထိုးနေလေသည်။



ချစ်စရာလေးဗျ......


ပြိုင်ကားအနီက ဝူးခနဲမောင်းထွက်သွားလေသည်။ ကိုယ်မှ ကိုယ့်အတွေးနဲ့ကိုယ်ပါဆို ဒီ​ကြောင်တောင်တောင်ကောင်နဲ့က တမျိုး..ငါ့အတွေးတောင် ပျောက်သွားတယ်... တော်တော်ရှုပ်တဲ့လူ..


~~~




"နွားနို့လာပို့တာ.... စာကျက်ရတာ မောနေရောဘဲ..."


စာကြည့်စားပွဲနားရောက်လာတဲ့ နွားနို့ခွက်နှင့်အတူ ဦးဝဠာမှိုင်းက ဘေးနားကိုရောက်လာလေသည်။



"နွားနို့က ဒေါ်ကြီးတို့လာပို့လို့ရတယ်မလား...ရှင်ကဘာလို့လာတာလည်း..."




"ကိုယ်အားနေတာနဲ့ဘဲ လာလိုက်တာ.... ဒါနဲ့ အပြစ်ဒဏ်လျှော့ပေးလို့မရဘူးလား...."





"ဘာအပြစ်ဒဏ်လဲ..."




"အခန်းထဲလာအိပ်လို့မရသေးဘူးလား...ဟိုဘက်အခန်းမှာ ခြင်ကိုက်လို့... "




~အစိမ်းသက်သက်~Waar verhalen tot leven komen. Ontdek het nu