part~25

989 13 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၅)



ညဥ့်နက်တော့ ဝဠာမှိုင်း ဒီဘက်အခန်းကို ပြန်လာခဲ့သည်။
အခန်းထဲက နှစ်ယောက်အိပ်ကုတင်အကျယ်ကြီး၏ အလယ်တွင် စောင်မပါဘဲ ကွေးကွေးလေး အိပ်ပျော်နေသည့်သူမ.......

ဓေးဆိုတဲ့ကောင်က ငါ့ထက်ဘာတွေများသာလို့ ပတ်သတ်ရတာလည်းပိုးနှယ်...ပထမတစ်ခါသတင်းထွက်တယ် အခုနောက်တစ်ခါ...မင်းကဓေးခေါ်တဲ့နောက်ကို လိုက်သွားတယ်ဆိုတဲ့ သတင်းက ခင်ပွန်းဖြစ်သူတစ်ယောက်အတွက် ဘယ်လောက်ရက်စက်လည်းဆိုတာမင်းမသိပါဘူး......မိန်းမတွေက
အကုန်ဒီလိုတွေချည်းဘဲဆိုတာ ငါမေ့ပြီး မင်းကိုစွဲလမ်းခဲ့မိတာကဘဲ ငါ့အပြစ်ဖြစ်သွားတယ်......




မင်းလည်း ဂမုန်းအလင်္ကါလိုပါဘဲလား.....ငါ့အသည်းကိုထပ်ခွဲပြန်ပြီ.......မင်းကိုတခြားသူနဲ့ထည့်မပေးနိုင်ဘူးပိုးနှယ်... ငါအခုလိုတခြားမိန်းမတွေနဲ့ ရွဲ့နေပြရင် မင်းငါ့ကို သဝန်တွေတိုပြီး ဓေးဆိုတဲ့ကောင်ထက်
တအားချစ်မှာဘဲဆိုတဲ့စိတ်နဲ့ ငါ ဇွတ်တိုးပြီး အရွဲ့တိုက်ခဲ့တာ..
.ငါ့အသိုင်းအဝိုင်းကလည်း မင်းကို ကွာရှင်းခိုင်းနေကြတယ်....ဘယ်လိုလုပ်မလည်း..... ငါ့ဝဋ်လည်တာလား...
ငါပွေခဲ့ရှုပ်ခဲ့သလို မင်းလည်းဖောက်ပြန်နေပြီလား....ဓေးဆိုတဲ့ကောင်ကို တကယ်ချစ်သွားရင်ဘယ်လိုလုပ်မလည်း.....အား...အဲ့ကောင်က အရှုပ်အရှင်းကင်းတယ် ငါ့ထက်လည်းငယ်တယ်....အာဏာလည်းပိုရှိတယ်.....
ဘယ်လိုလုပ်ရမလည်း....ငါမင်းကို ဆုံးရှုံးရမှာကြောက်လွန်းလို့ ဘယ်လိုလုပ်ရမလည်း....




ကုတင်ခြေရင်းမှာထိုင်ပြီး သူမခြေဖျားလေးကို ကိုင်ကာ သူအတန်ကြာအောင်ငိုနေမိသည်။ ယောကျ်ားတန်မဲ့ ငိုနေမိတာ...မျက်ရည်စက်တွေက သူမခြေဖမိုးပေါ်ကျကုန်တော့
လူးလွန့်ပြီးထလာကာ....ကုတင်ခေါင်ရင်းသို့ အတင်းတိုးသွားသည်။ပြီးတော့ မျက်လုံးစိမ်းစိမ်းတွေ...... သူ့ကိုတစ်ခါမှမကြည့်ဖူးခဲ့သည့် မျက်ဝန်းတွေ.....



"ရှင့်ကိုမုန်းတယ်...."




"ဘာလို့လည်း .....အဟား...အခုကျ ငါ့ကို မုန်းပြီပေါ့... မင်းမှာ ယောကျာ်းအသစ်ရှိလာတော့ ငါ့ကို မုန်းပြီပေါ့.... "





~အစိမ်းသက်သက်~Where stories live. Discover now