part~23

877 10 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၃)



ကျောင်းတက်ရတာလဲ ကြာတော့ တက်ချင်စိတ်တောင်မရှိတော့ပါ..ကိုယ့်ရည်မှန်းချက်တွေရှိလို့သာ တက်နေရပေမယ့် လူတော်တော်များများရဲ့မျက်လုံးတွေက သွားတဲ့နေရာတိုင်း လိုက်ကြည့်နေကြတာကြောင့် သွားရလာရတာတောင် လိပ်ပြာမလုံဖြစ်လာရသည်။ ကွယ်ရာမှာလည်း ဘယ်လောက်တောင် ပြောဆိုနေကြမလဲမသိနိုင်ပေ။ အဲ့ဒီဓေးဆိုတဲ့လူကို သိပ်မုန်းတာဘဲ....ရူးကြောင်ကြောင်နဲ့ ဘာလုပ်မှန်းမသိဘူး.....
.တစ်ခါတစ်လေကျ ကိစ္စတော်တော်များများက
ကိုယ်က ဘာမှမလုပ်ဘဲနဲ့တောင် အပြစ်ကဖြစ်ရသေးသည်။ အဲ့နေ့က ကျောင်းမလိုက်ခဲ့ရင်အကောင်းသား...ဒီလိုကိစ္စမျိုးတွေ ဒီလိုသတင်းတွေ ဖြစ်လာမှာမဟုတ်ပေ။









အိမ်မှာလဲ အလုပ်သမားတချို့က တီးတိုးတီးတိုး.....ယောက္ခထီးက မကြည်ဖြူ.....ယုံကြည်မှုအားနည်းတဲ့ယောကျ်ားက ရှိသေးသည်။ အပြင်ထွက်တော့လည်း မိန်းကလေးတချို့က
မျက်လုံးအကြည့်နဲ့တစ်မျိုး...မကြားနိုးနားပြောတာကတစ်မျိုးနှင့် အတော့်ကိုနေရခက်လှသည်။





အခုကျောင်းရောက်ပြန်တော့လည်း....





"အစ်မ အစ်မ....အဲ့ကောင်မဘဲလေ....ယောကျာ်းရှိရက်နဲ့ ဓေးကို မြူစွယ်တာ...."




ကျောင်းစ​​င်္ကြံကအဖြတ် ကောင်မလေးသုံးယောက်၏ပြောစကားကြောင့် လမ်းလျှောက်နေရာက ခဏရပ်လိုက်မိသည်။ သည်းခံတာ တော်လောက်ပြီ....လူတွေကို......


ထိုသုံးယောက်ဘက်သို့ ပြန်လှည့်လိုက်ပြီး......




"နင်တို့ ငါ့ကို ပြောနေတာမလား....ပြောလေ....ပေါ်တင်ပြော..ရွဲ့မပြောနဲ့ ငါနားထောင်ပေးမယ် ငါ့ကို မျက်နှာချင်းဆိုင်ပြီးပြော.."




ထိုသုံးယောက် ကြောင်သွားပြီး....အလယ်က တစ်ယောက်က ရှေ့သို့အနည်းငယ်တိုးလာကာ....




"ဟုတ်တယ် နင့်ကို ပြောနေတာ.... နင်ကယောကျ်ားရှိရက်နဲ့ ဘာလို့ငါတို့ဓေးကို မြူစွယ်ရတာလည်း.....မရှက်ဘူးလား... "





~အစိမ်းသက်သက်~Tahanan ng mga kuwento. Tumuklas ngayon