part~6

1.1K 26 0
                                    

~အစိမ်းသက်သက်~

အပိုင်း(၆)

ကားဂိတ်အထိ သူ့အိမ်က ဒါရိုင်ဘာက လိုက်ပို့ပေးလေသည်။ လက်မှတ်လည်း မနေ့ကကတည်းက ဖြတ်ထားခဲ့ပြီးသားဖြစ်သည်။ကားထွက်မှာ ၁၅မိနစ်လောက် လိုနေသေးပေမယ့် ကားပေါ်မှာဘဲထိုင်နေလိုက်ကြတော့သည်။ ကားဂိတ်စရောက်ရောက်ချင်းတုန်းက အကောင်း...... ကိုယ်စီးရမယ့်ကားထဲဝင်မှ တစ်ကားလုံးဗြောင်းဆန်သွားမလောက်ပင်။

မန္တလေးသွားမည့်ကားထဲမှာ ကောင်မလေးငယ်ငယ်လေးတွေ.....ပိုးနှယ်နှင့်သက်တူရွယ်တူတွေအများဆုံးပါလာကြလေသည်။ ကြည့်ရတာ မန္တလေးကနေ ရန်ကုန်မှာ အလုပ်လာလုပ်သည့်ကောင်မလေးတွေဖြစ်ရမည်။ ဆယ့်ငါး ဆယ့်ခြောက်အရွယ်လေးတွေကပါသေးသည်။

ကားပေါ်မှာ ယောက်ျားသားဆိုလို့ လေးငါးယောက်သာပါပြီး ကျန်တာမိန်းမတွေကြည့်ဘဲဖြစ်၏။ အဲ...မိန်းမလျာနှစ်ယောက်လည်းပါသေးသည်လေ.....

ဦးဝဠာမှိုင်း ကားပေါ်တက်လိုက်တော့ အကုန်ငြိမ်ကုန်ပြီး ရုပ်ရှင်မင်းသားတစ်ယောက်လိုကို ဝိုင်းကြည့်နေကြသည်။ ဒီလောက်တောင်မှချောလို့လား ချောတယ်ဆိုပေမယ့် ရုပ်ရှင်မင်းသားတော့မဟုတ်ဘူးလေ ....ပိုးနှယ် ကိုယ့်ယောက်ျားကိုပြန်ကြည့်လိုက်တော့ ခါတိုင်းဝတ်နေကျ ရှပ်အင်္ကျီအဖြူနဲ့  ဂျင်းဘောင်းဘီ အနက်နဲ့ သာမန်ပုံစံပါဘဲ...ဒါကိုဘာတွေများဝိုင်းငေးနေကြတာလည်း...

ဒီဂရီမျက်မှန်အောက်က ညို့မျက်ဝန်းတွေကတော့ ဘယ်သူ့ကိုမှ မကြည့်ဘဲ သူထိုင်ရမည့်ခုံနံပါတ်ကိုသာ ရှာနေတော့သည်။ အသားဖြူဖြူ အရပ်ရှည်ရှည် ရုပ်ရည်ခန့်ခန့်ညားညားနဲ့သူက သူများအမြင်မှာတော့ boyfriend material ကြီးဖြစ်နေမှာပေါ့....

ပိုးနှယ် စိတ်ထဲအောင့်သက်သက်နဲ့.....ချစ်လို့ယူထားတဲ့ယောက်ျားမဟုတ်သော်လည်း...လူတကာ ဒီလိုဝိုင်းကြည့်တာကိုတော့ တင်းလေသည်။

"ပိုးနှယ်ပုံ
...ဒီမှာငါတို့ထိုင်ရမယ့်ခုံ...လာ..အိတ်ငါ့ကိုပေး.."

တပတ်လောက်သာနေရမည့်မို့ သူ့အဝတ်အစားတချို့နဲ့အသုံးအဆောင်တချို့ကိုသာ ထည့်လာခဲ့သည့်အတွက်ကြောင့် ကျောပိုးအိတ်တစ်လုံးသာပါလေသည်။ ပိုးနှယ်ကတော့ မန္တလေးမှာလည်း အဝတ်အစားတွေရှိနေတာကြောင့် ထည့်မလာတော့ပေ။

~အစိမ်းသက်သက်~Where stories live. Discover now