part~22

872 9 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၂)




ရည်းစားလူလု အူနုကျွဲခတ်တဲ့......အခုက ကျွဲခတ်ရုံတင်မကဘဲ ဆင်ပါအနင်းခံရသလို လူကပူထူနေရသည်။ ကိုယ်တရားဝင်လက်ထပ်ယူထားသည့် ဇနီးတစ်ယောက်က တခြားယောကျ်ားသားတစ်ယောက်နှင့် လိုင်းပေါ်မှာသတင်းပြန့်နေတာ.....သူ့မိတ်ဆွေတွေ.... လုပ်ဖော်ကိုင်ဖက်တွေ....ယုတ်စွအဆုံး သူ့တပည့်တွေကအစက ဒီသတင်းကိုခေါင်းစဥ်တပ်ပြီး ဟိုနားတိုးတိုး ဒီနားတိုးတိုး အတင်းအဖျင်းပြောဆိုနေကြသည်။




နိုင်ငံခြားမှာနေတဲ့ ညီအစ်ကိုမောင်နှမတစ်တွေကလည်း...ဆိုရှယ်မီဒီယာပေါ်မှ ထိုသတင်းတွေကြောင့် သူ့အားဖုန်းတဂွမ်ဂွမ်ဆက်၍လည်း သူ့ကိုမေးနေကြသေးသည်။ သူကတော့ဘာဆိုဘာမှမပြောနိုင်ဘဲ...ဒေါသလည်းထွက်ရသေးသည်။ ကိုယ့်မိန်းမက တခြားသူနှင့် ချစ်ကြောင်းကြိုက်ကြောင်း သတင်းထွက်သည်တဲ့.ဘယ်လောက်ရှက်စရာကောင်းသည့်အဖြစ်လဲ.....




တရားခွင်ထဲလည်း ကြိုးစားပြီစိတ်နှစ်ပေမယ့်...အာရုံတွေက ထိုသတင်း၌သာ ကိန်းအောင်းလို့နေလေသည်။ အမှုကိစ္စဆုံးဖြတ်ချက်ချရသည့်နေ့မဟုတ်တာဘဲ တော်ကာရုံကြလိမ့်မည်။ တရားခွင်ပြီးတာနှင့် သူ့အလုပ်ကိစ္စတွေမှန်သမျှကို တပည့်ဖြစ်သူနှင့် ထားခဲ့ပြီး ချက်ချင်းဘဲ အိမ်ကို ကားမောင်း၍ ပြန်လာလိုက်သည်။





"သခင်လေး..."






အိမ်ရှိလူတွေကလည်း အကုန်သိထားပြီးကြပြီထင်သည်။ သူဝင်လာတော့ အကုန်လုံးက ပြဿနာတက်မည့်အရိပ်အကဲကို ကြိုသိနေကြသလို မျက်နှာပျက်နေကြလေသည်။





"ပိုးနှယ်ပုံရော...."






"အခန်းထဲမှာရှိပါတယ်...သခင်လေး...."





"ကောင်းပြီ...."






"ဝဠာမှိုင်း..... "






သူ အပေါ်ထပ်သို့ တက်မည်အပြု ဖခင်ဖြစ်သူက ဧည့်ခန်းထဲမှခေါ်၍..အရင်သွားလိုက်သည်။




"မင်း သိပြီးလောက်ပြီထင်တယ်......ငါ့အသိုင်းအဝိုင်းမှာလည်း ပွက်ပွက်ကိုရိုက်နေတာဘဲ.....မင်းမိန်းမက တခြားယောကျ်ားတစ်ယောက်နဲ့ သတင်းထွက်ရလောက်အောင် ဘယ်လောက်တောင် အနေအထိုင်မတတ်တာလဲ.......တောက်....သိက္ခာကျလိုက်တာကွာ.... "





~အစိမ်းသက်သက်~Where stories live. Discover now