part~27

1.1K 18 2
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၇)



ခြံထဲက နှင်းဆီပင်တွေကို ရေလောင်းပြီး တပွင့်ချင်းကို တယုတယနှင့် ရေဖျန်းဗူးဖြင့် ဖျန်းနေလိုက်သည်။ တစ်စုံတစ်ယောက်က နှင်းဆီတွေဆိုသိပ်ကြိုက်သည်။ နောက်ပြီး ဇွန်ပန်းတွေ.....ဇွန်ပန်းတွေကို သူမကြိုက်တာ သူမှတ်မိနေခဲ့သည်။



ငါကဘာလို့ သူကြိုက်တဲ့အပင်တွေကို တယုတယစိုက်ပျိုးခဲ့မိပါလိမ့်..... ဟိုနေ့ကမှ သားဦးလေးမွေးဖွားပြီးပြီဆိုသည့်သတင်းက သူ့ဆီရောက်လာခဲ့သည်။ ပျော်ရွင်စရာမိသားစုလေးကို ပိုင်ဆိုင်တော့မယ်ပေါ့.....ဒီလူကိုကျ ကျောခိုင်းထွက်ခွာသွားပြီး....







"မှိုင်းရေ.....မှိုင်း.... "




အပင်တွေရေလောင်းနေရင်းမှ ယမင်းသူဇာ၏ခေါ်သံကြောင့်
သူလှည့်ကြည့်လိုက်သည်။ သူမပုံစံက အထိတ်ထိတ်အပျာပျာ...





"မမ ဘာဖြစ်လို့လဲ..... "





"မှိုင်းရဲ့ အရင်မိန်းမလေ..."






"ပိုးနှယ်ပုံလား...."




"အွန်း.....ဟုတ်တယ်.....သူအရေးပေါ်ဆေးရုံတင်ထားရတယ်. "





"ဘာ....ဘယ်ဆေးရုံလဲ...... "




"ရွှေလရောင်..."





"ကျွန်တော်အခုဘဲသွားမယ်....."


ရေဖျန်းဗူးကိုပစ်ချခဲ့ပြီး သူကားဆီပြေးသွားတော့သည်။




"မှိုင်း......တို့ကို စောင့်ပါဦး....."




ဆေးရုံရှေ့ရောက်တော့ ယမင်းသူဇာကို မစောင့်ဘဲ သူအတင်းဆေးရုံထဲသို့ပြေးသွားလိုက်ပြီး ကောင်တာ၌ သူမကို ဆေးရုံတင်ထားသည့်အခန်းနံပါတ်အားမေးလိုက်သည်။ ထို့နောက် ခြေလှမ်းတွေက လေအဟုန်လို မြန်ဆန်လျက် 402ဆိုသည့် အခန်းရှေ့သို့ရောက်သွားသည်။ အခန်းရှေ့တွင် အဘွားအိုတစ်ယောက်နှင့် ဝီးချဲပေါ်ထိုင်နေသည့်မိန်းကလေးတစ်ဦးက ငိုကြွေးလို့နေလေသည်။ သေချာကြည့်မှ.....




"အဘွား..... "




တရှုံ့ရှုံ့နဲ့ငိုနေရင်းမှ.......အဘွားက သူ့ကိုမော့ကြည့်လာပြီး..
.အံသြတကြီးမျက်လုံးများဖြင့်....




~အစိမ်းသက်သက်~Où les histoires vivent. Découvrez maintenant