part~13

980 22 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၁၃)





"နိုးလာပြီလား....အစာစားပြီး ဆေးသောက်ရအောင်နော်..."





"ရှင် ဘာလို့ဒီမှာရှိနေတာလည်း...ခုနက ထွက်သွားခိုင်းတာကို..."



"ခုနလေးကမှ ပြန်ဝင်လာတာပါကွာ....
အတင်းကြီးတော့မရက်စက်ပါနဲ့...အိပ်ရေးဝပြီလား...ညကမအိပ်ရတော့ "




"ရှင်..."



သူမက အံလေးကြိတ်ပြီးပြောလေသည်။သူကပြုံးစိစိဖြင့်သာ..



"ဘာပြောလို့လဲ... ရိုးရိုးလေးအိပ်ရေးဝပြီလားမေးတာပါ...တခြားတွေးတဲ့သူကတော့တွေးမှာပေါ့..."




"ဘယ်အချိန်မှအိမ်ပြန်ရမှာလည်း....ကျွန်မဒီမှာ ရှင်နဲ့နှစ်ယောက်တည်းမနေချင်ဘူး..."




"အခုကနေမှမကောင်းသေးတာ...မင်းအားနည်းနေတာတဲ့ အိမ်နဲ့ဒီနေရာက မြို့နယ်နှစ်ခုလောက်ခြားနေတာကို မင်း ကားစီးနိုင်ပါ့မလား.."




"ဘယ်နှစ်မြို့နယ်ခြားခြား အိမ်ဘဲပြန်ချင်တယ်...ကျွန်မကားစီးနိုင်တယ်..."



လူက လေတိုက်ရင် ပစ်လဲမယ့်ပုံနဲ့ စိတ်ကမာနေနိုင်တာ...ဒီခရုမလေးကို တော်တော်အူယားလာပြီ...




"ဟုတ်ပြီဟုတ်ပြီ.... ဒီနေ့တော့မလုပ်ပါနဲ့နော်.....မနက်ဖြန်ကျ ကိုယ်တကယ်ပြန်ပို့ပေးမယ်.. "




"ရှင့်စကားနဲ့ရှင်နော်..."





"အွန်း....ကိုယ့်စကားနဲ့ကို.....မိန်းမလေးကလိမ္မာပါတယ်..နို့ဆန်ပြုတ်လေးသောက်လိုက်ဦးနော်. "



"ရှင်နော် ဘယ်ကမိန်းမလည်း..."




"မိန်းမမဟုတ်လို့ ယောကျာ်းလား...အာ့ဆို ယောကျာ်းလေးလို့ခေါ်ရမှာလား..."




ပြောလည်းပြောသေး....သူ့ဘာသာသူလည်းရီနေသေးသည်။ အမြင်ကတ်ဖို့ကောင်းလိုက်တာ...





"ရှင်တော်တော် မျက်နှာပြောင်တယ်နော်...ဒီအသက်အရွယ်ကြီးနဲ့ ပြောင်နေတာ...."




"ဟာ....၃၅နှစ်ကျော်ရုံလေးကို အဘိုးကြီးပုံစံတော့မပြောလိုက်ပါနဲ့ချာတိတ်ရယ်.....အခုမှ လူပျိုဖော်ဝင်ကာစရှိပါသေးတယ်.. "



~အစိမ်းသက်သက်~Where stories live. Discover now