part~24

894 12 0
                                    

~အစိမ်းသက်သက် ~

အပိုင်း(၂၄)


"ဓေး...."


"ဟဲ့ အဲ့ဒါဓေးမို့လား....ကျောင်းကို ထပ်လာပြန်ပြီ...."




"ဟုတ်တယ်ဟ.....အယ် ငါတို့ဆီလာနေတာပါလား.....ဟိဟိ "




ကိုယ်လူချော ဓေးက သူတို့ဆီ တည့်တည့်လျှောက်လာသည်။ ၆ပေနီးပါးရှည်သည့် အရပ်အမြင့် သွယ်လျသည့်ခန္ဓာကိုယ် ဖြူဖွေးနေသည့်အသားအရည်နှင့်ဓေးက မိန်းကလေးများ၏အသဲစွဲပင် ။ အချစ်ရေးနှင့်ပတ်သတ်သည့်သတင်းတွေထွက်သော်ငြားလည်း ဓေးက အချစ်လျော့မခံရဘဲ တစ်ဖက်က မိန်းကလေးကိုသာ အပြစ်ပုံချကြလေသည်။


အခုလည်း ဓေးတစ်ယောက် ကျောင်းကို
နောက်တစ်ကြိမ်ရောက်ချလာပြန်တော့
သူ့မိန်းကလေးပရိတ်သတ်တွေက အရင်လိုပွက်ပွက်ဆူနေကြသေးသည်။



"တဆိတ်လောက်ဗျ.....ဆေးကျောင်းသူလေးတို့ ပိုးနှယ်ပုံရဲ့အခန်းကို သိလားမသိဘူး....ကျွန်တော့်ကို လမ်းလေးညွှန်ပေးပါလား..."



အမေးခံရတဲ့ကောင်မလေးတွေက ပြူးကြောင်နေပြီး သူတို့ကိုသူတို့ အိမ်မက်မက်နေကြသည်ဟုထင်နေကြသည်။




"ဒီမှာ ခင်ဗျ "





"ဟုတ် ဟုတ် ဓေး....ကျွန်မတို့အခုဘဲလိုက်ပို့ပေးပါမယ်နော်ဓေး..ဟိဟိ...."




လေးယောက်အုပ်စုက ရှေ့ကသွား ဓေးကနောက်ကလိုက်လေသည်။ စာသင်ခန်းထဲမှ စာသင်နေသည့်ကျောင်းသားကျောင်းသူများ ရှေ့ကဆရာကိုကျော်ပြီး ကျောင်းစင်္ကြံဘက်သို့သာ အာရုံရောက်နေကြ၏။ ရေတံခွန် သူ့ကျောင်းသားတွေ ဝှိုက်ဘုတ်တွင်အာရုံမရောက်ဘဲ တခြားဘက်သို့
အကြည့်ရှိနေကြတာကြောင့် စာသင်နေရင်းမှခဏရပ်ကာ ကျောင်းစင်္ကြံဘက် လှမ်းကြည့်မိလေသည်။





"ကျစ် ထပ်လာပြန်ပြီလား ဒီအဆိုတော်....ပိုးနှယ်ကို ဒီ့ထက်ပိုပြီး ဘာပြဿနာတွေ ထပ်ပေးဦးမလည်းမသိဘူး..."





ပိုးနှယ်ကို သတင်းထပ်ထွက်မှာ စိုးရိမ်တာကတစ်ကြောင်း... တကယ်က သူကြိတ်ချစ်နေသည့်မိန်းကလေး
အသည်းစွဲကြိုက်သည့်အဆိုတော် ကျောင်းကို လာတာကို ဂျေဝင်နေတာလည်းဖြစ်သည်။ ဖွင့်လည်းမပြောရဲ သူများယူသွားမှာလည်းကြောက်နေသည့်အဖြစ်က တကယ့်ကို စိတ်ညစ်စရာပင်...


~အစိမ်းသက်သက်~Where stories live. Discover now