အပိုင်း ( ၉ )

24.8K 1.4K 280
                                    

Kim အိမ်တော်၏ မိသားစု ဆရာဝန်ဖြစ်သော
မိမိ ဖခင် ခရီးသွားနေခိုက်မို့ ဆရာဝန်မျိုးရိုးကနေ
ဆရာဝန်ဖြစ်နေပြီဖြစ်သော Lee Tae Min
Kimအိမ်တော်က ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စကြီးငယ်ရှိပါက ဖခင်ကိုယ်စား မိမိကဘဲ ဝင်ကြည့်ပေးနေကျဖြစ်သည်.

လွန်ခဲ့သောမိနစ်ပိုင်းက မိမိစမ်းသပ်ပေးသည့်
Kim အိမ်တော်၏ မျိုးဆက်သစ်အကြောင်းကို
ကံယာကံရှင်၏ ခင်ပွန်းဖြစ်သူ မိမိ ငယ်သူငယ်ချင်းကြီးက သူတို့ ခြံရှေ့တွေ့သည့်
Uniform နှင့် ကျနော့်အား နှုတ်ဆက်မေးမြန်း၍
သူမသိရသေးပုံရသည့် သတင်းကောင်းပြောပြသည်တွင်...

ချစ်သူငယ်ချင်းကြီးက လုံးဝ shockဖြစ်သွားကာ လောကကြီးနှင့်လည်း ခတ္တခန အဆက်အသွယ်ပြတ်သွားသည့်ပုံ ကိုတွေ့ရတော့...

ကျနော် ခေါင်းကို အသာရမ်းခါမိသည်.

ဒီ Kim Jong In ခုထိ သူ့ကိုယ့်ကိုသူ ၁၈နစ်သား
အတွေးတွေနဲ့နှောင်ဖွဲ့ကာ ပျော်နေတုန်းပင် !

လွတ်လပ်မူကို ခုံမင်တာလည်း တော်ရုံဘဲ ကောင်းပါတယ် !

ဟိုဖြူနုနုကောင်လေးအစား ရင်လေးပါဘိ !

အိပ်ကပ်ထဲမှ တုန်မြည်လာတဲ့ ဖုန်းက ဆေးရုံကဖြစ်နေ၍

နောက်နေ့ အချိန်ရရင် ကျနော် ,

ကျနော့်ငယ်သူငယ်ချင်းလို့ပြောရမှာတောင် ရှက်မိလာသည့် Kim jong in ကို ကောင်းကောင်းကို
တရားချရပါအုန်းမည်!!

" Ya! လဒကောင် !အဲမှာ ငုတ်တုတ် သေမနေနဲ့ !မင်းအိမ်ထဲအမြန်ဝင်တော့ ငါ ပြန်ပြီ !"

Taemin က ပုခုံးပုတ်သွားခဲ့သော Kim Jong In ကတော့ ခြံရှေ့ကားကြီးရပ်ကာ ဖွင့်ရင့်တန်းလန်း
ကားတံခါးဘေးတွင် ငုတ်တုတ်ထိုင်ကာ
ဘယ်အရပ်ဆီမှန်းမသိ ငေးလို့ကောင်းတုန်းပင် ....

" ဟဲ့...အိမ်ရှေ့မှာ ဘာထိုင်လုပ်နေတာတုန်း Kim Jong In ရဲ့ !အိမ်ကကောင်မလေးတွေ လာပြောမှ သိရတယ်
တကယ် ..ခုထိ အမူးမပြေသေးတာလား အမြန်ဝင်လာခဲ့ "

" အပျိုကြီး...ဟိုကောင်လေး arni Sehun ဆီမှာ ကျနော့် ကိုယ်ဝန် ရှိနေတယ်ဆိုတာ...တ..တကယ်ကြီးလား ? "

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now