အပိုင်း ( ၂၇ )

22.8K 1.2K 148
                                    


" ကိုကို....! အား...!ကျ..နော့် ..ဗိုက်တအားနာနေပြီ ဟင့်...."

" Hunnie! ခ...ခဏလေးဘဲ...တောင့်ခံထားနော်...
ခု ချက်ချင်း ဆေးရုံသွားမှာ.."

ဂျုံအင် ရုတ်တရက်ကြီး ဗိုက်နာကာ မွေးဖွားဖို့ လက္ခဏာပြလာသည့် ဆယ်ဟွန်းကို ပွေ့ချီကာ...

တောင်စောင်းတစ်ကွေ့ကို သုံးမိနစ်တည်းနှင့် မည်သို့ကျော်ဖြတ် ဆင်းလာ ခဲ့မှန်းပင်မသိချေ...

မိမိကားနှင့်သာ ဆိုလျှင် မီးပွိုင့်တွေ ကျော်လို့မရသည်မို့...

ဖုန်းခေါ်ထားသည့် အရေးပေါ် လူနာကားကို စိတ်မရှည်စွာ စောင့်ရပြန်သည်...

တကိုယ်လုံးချွေးစေးတွေပြန်ကာ နာကျင်မူကြောင့်
မျက်နှာတခုလုံးရှုံမဲ့ကာ ငြီးတွားနေသူလေးကို
ပွေ့ချီထားသူကလည်း ချွေးတွေနှင့်ပင်မို့...

သူတို့နံဘေးမှ ဆိုးလ်တာဝါရှိ ဝန်ထမ်းများသည်
လူနာအား ခဏလက်ပြောင်းကာ ပွေ့ကူပေးဖို့ စဉ်းစားကာ ပြောပေမဲ့...

လူနာအား သူ့လက်ထဲမှ အချမခံသူကြောင့်...

နံဘေးကနေသာ စိုးရိမ်တကြီးနှင့် ဆေးရုံကားကို
စောင့်ကူနေရလေသည်...

" လူနာကို ဒီပေါ်တင်...."

အရေးပေါ်ကားမှ ဆင်းလာသည့် ဝန်ထမ်းသည်
လူနာအား လူနာတင်လှည်းပေါ် တင်ဖို့ ပြောတာ စကားပင်မဆုံးသေး...

လူနာရှင်ဖြစ်ပုံရသူက လူနာအား ပွေ့ချီကာ အရေးပေါ် ကားထဲ တက်သွားသည်ကို...

ကြောင်တောင်တောင်ရပ်ကြည့်နေသည်...

" မင်း...ဘာရပ်လုပ်နေတာလဲ !? "

"  ဗျာ...?! အာ..ဟုတ် ..ဟုတ်ကဲ့..."

"ရား..ဘာငေးနေတာလဲ..အမြန်! "

သွားကြားထဲက ထွက်လာသည့် ကားပေါ်မှ လူနာရှင် ဒေါသသံကို ကြားမှ သတိဝင်လာသည့် ဝန်ထမ်းနှစ်ယောက်သည်  လူနာလှည်းကို အလျင်အမြန် ခေါက်သိမ်းကာမကာ ကားပေါ်ပြန်တက်ရချိန်...

လူနာရှင်၏ မျက်နှာကိုတွေ့ပြီး
တစ်ယောက်မျက်နှာ တစ်ယောက်လှည့်ကြည့်နေသည့်

အပြစ်မကင်းသည့် ဝန်ထမ်း နှစ်ယောက်သည်
တိုက်ဆိုင်မူဆိုတာကြီးကို အင်မတန်မုန်းမိတော့သည်..!

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now