အပိုင်း ( ၁၉ )

21.6K 1.4K 405
                                    

ဘေးပတ်ဝန်းကျင် မျက်စိတဆုံး အဖြူရောင် ဖြစ်နေသော နေရာသည် လေဟာနယ်လေလား.....

Sehun မသိပါ....

သိချင်စိတ်လည်း ရှိပုံမရ.....

သူ အိမ်မက်စေစားခြင်းခံရသူလို ကလေးရယ်သံ
တစ်ခုနောက်ကိုသာ ဦးတည်ရာမဲ့ လိုက်လာခဲ့ခြင်းပင်....

* appa ....သားသားက ဒီမှာလေ *

* ဟင်..?...သားသား ?..*

ဖြာထွက်နေသော အဖြူရောင် အလင်းတန်းတွေကြောင့်
ထိုင်နေသော လသားအရွယ် ကလေးလေးကို
သူ နောက်ကျစွာ ရှာတွေ့သော်လည်း....

တဖြည်းတဖြည်း ရယ်သံတိတ်သွားသော
ကလေးလေးဆီ သူသွားလို့မရအောင် ....

သူတို့နှစ်ယောက်ကြား မမြင်ရသော တစ်စုံတစ်ရာက
စီးခြားထားခြင်းကို သိရတော့...

သူကြောက်လန့်တရား ဖန်နံရံကဲ့သို့သော လေဟာနယ်ပေါ် ထုရိုက်ကာ အော်ဟစ် ငိုကြွေးမိတော့သည်....

*ကျ...ကျနော့် ကလေးလေး ဆီ သွားခွင့်ပြုပေးပါ....*

မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ချစ်စဖွယ် လသား ကလေးလေးက ....

* appa....သားသား သွားရတော့မယ် *

သူ ထိပ်လန့်တုန်လှုပ်ခြောက်ခြားစွာဖြင့်
ရေရွတ် တောင်းဆိုမိသည်....

* ဟင်...ဟင့်အင်း... သားသား....a..appa
ကို ထားမသွားပါနဲ့..*

* သားသား appa ဆီဘဲ ပြန်လာချင်တယ်....
appaတို့ သားသားကိုဘဲ ပြန်ခေါ်ပေးပါနော်...*

*မသွားပါနဲ့.... သားသား...appa ဆီလာခဲ့ပါနော်..
မဟုတ်ရင် appaလိုက်လာမှာ....*

* appa မလိုက်လာရပါဘူးနော်....သားသား
သွားတော့မယ်....တာ့တာ *

* ဟင်...ဟင့်အင်း...! သားသား ! *

*..မသွားပါနဲ့ ! appa တောင်းပန်ပါတယ်...
ပြန်လာခဲ့ပေးပါနော်....*

* သားသား...*

*သားသား...appa ကို ထားမသွားပါနဲ့....အဟင့်..
appaကိုလည်း..ခေါ်သွားပါတော့လား.....*

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now