အပိုင်း ( ၁၃ )

17.5K 1.2K 138
                                    


🌈 သက်တန့်ပုံ စတေကာ အသေးလေးများ အပြည့် ကပ်ထားသော စာအုပ်မျက်နှာဖုံးနှင့် နိုင်လွန်ချည်ကြိုးများဖြင့် ချုပ်ထားသည့် အဝါရောင်ဖျော့ဖျော့ မှတ်စု စာအုပ်တိုလေး၏...

ရှေ့ဘက်ခြမ်း စာမျက်နှာ လေးများသည် ဖိကာ ရေးထားသော လက်ရေးဖောင်းဖောင်းလေးများနှင့်
မြင်သူတိုင်း ဖတ်ကြည့်ချင်စဖွယ်ဖြစ်နေကာ..

စာကြောင်းတိုတိုလေးတွေကို ရေးချနေသည့်
စာအုပ်ပိုင်ရှင်ကောင်လေးနှင့်အပြိုင် ချစ်စရာကောင်း
လွန်းနေသည်..

Sehun ပြုံးရွှင်စွာနှင့် မိမိရေးထားသည်များကို ပြန်လှန် ဖတ်ကြည့်နေတာ အချိန်တွေ ကုန်လွန်သွားမှန်း..

နံဘေးက စားပွဲတင် နာရီဝိုင်းက
ခုနစ် နာရီ ငါးမိနစ်ကို ညွှန်ပြနေသည်ကို တွေ့ပြီးမှ
သိရသည်..

အလျင်အမြန် စာအုပ်လေးကို မူလ ဖွက်ထားရာ နေရာမှာ ပြန်ထားလိုက်ပြီး..

အိပ်ရာပေါ် ဖက်လုံးကြီးခွပြီး အားရပါးရ အိပ်ပျော်
နေတဲ့ ကိုကို့ကို နှိုးလိုက်သည်..

" ကိုကို.....၇နာရီ ထိုးနေပြီ...ထတော့..."

"..."

"ကိုကို...ဒီနေ့...ကျနော့်ကျောင်းကို သွားမယ်လို့
ပြောထားတယ်လေ...နော်...အမြန်ထတော့..."

" အင်း......ဒီနေ့ စနေနေ့လား....."

မျက်လုံးမဖွင့်သေးဘဲ ပြောနေတဲ့ ကိုကိုက..
စနေနေ့မှာ ကျနော့်ကျောင်းသွားရမယ်ဆိုတာကိုတော့
ကောင်းကောင်းမှတ်ထားပေးပုံရတော့...

ကျနော် ပျော်သွားရသည်နှင့်အတူ...

" ဟုတ်တယ်..ကိုကိုရဲ့...ထတော့နော်...ကျနော်
သွားတိုက်တံတွေ အဆင်သင့်လုပ်ထားပေးမယ်နော်...
"

ကျနော် ရေချိုးခန်းထဲက ကိုကို့ သွားတိုက်သံပေါ်
သွားတိုက်ဆေးညစ်ထည့်ပြီး အမြန်ပြန်ထွက်လာတော့..

" အား....ညကလည်း..အစောကြီးအိပ်ပါတယ်..
ဘာလို့ မျက်လုံးကဖွင့်ရခက်...အား...ထရမှာပေါ့... "

အိပ်ရာပေါ်ကနေ အတင်းအားယူထလိုက်ရတဲ့
ကိုကိုက အိပ်ချင်ပြေပုံမရသေး..

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now