အပိုင်း ( ၂၆ )

25.8K 1.3K 228
                                    


မမြင်ရသေးသည့် မြေးမျက်နှာနှင့် သားဖြစ်သူအပေါ်
အရာရာ supporting လုပ်ပေးနေသည့်
Kim သူဌေးကြီးသည် Kim Jong in အား
သူ၏ နောက်ဆုံးပေါ် အဆင့်မြင့်ကားကြီး တကားကားနှင့် ခမည်းခမက်တို့အိမ်ရှိ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော barkey ဆိုင်တွင် အလုပ်ဆင်းနေသည်ကို ကြည်ဖြူစွာ ခွင့်ပြုထားပေးသည်.

Kim jong in ဆိုသည်မှာလည်း မိမိဖခင် ကြီး၏ အခွင့်အရေးပေးလာမူ အပေါ်ကို အခွင့်ကောင်းယူကာ Company အလုပ်ကို မိမိနှင့်မဆိုင်သလို ပစ်ထားသည်မှာ ကြာလှပြီဖြစ်သည်.

ယောက္ခထီးကြီးကလည်း မိမိအပေါ် အမြင်ကြည်လာသည်သာမက မိမိကင်မ်အိမ်တော်ရှိ
တစ်မိသားစုလုံးကလည်း မိမိကို အလေးပေးလာမူကြောင့်...

ယခုနေ Kim Jong in လိုအပ်နေတာဆိုလို့..

Hunnie ဆိုသည့်ကောင်လေးဆီမှ မိမိကို အရင်လို
ပြန်ချစ်လာဖို့သာ ....

ထိုအတွက်ကို သူ့အနေနှင့် အရိုးကြေကြေ အရည်ခမ်းခမ်းကို အားသွန်ခွန်စိုက် ကြိုးစားနေခြင်းဖြစ်သည်.

လောလောဆယ်ဆယ်တော့ Kim jong in
Branded အဝတ်အစားတွေကို ဝန်ထမ်းအေပရွန်တခုသာထပ်ဝတ်ထားပြီး မုန့်ဖုတ်ဆောင်တွင် ချွေးတဒီးဒီးနှင့် လောင်စာဆီမီးတောက်များကြား သတ်မှတ်ထားသည့် အပူချိန်အလိုက် ထင်းတုံးများရွေးထည့်နေရလေသည်.

ထိုအချင်းအရာကို မုန့်ဖျော်ရင်း ဝင်လာသည့်
Yixing ကတော့ နောက်ကနေ ခပ်ပြုံးပြုံးနှင့် ရပ်ကြည့်နေသည်.

သူမတူစွာ ဇွဲရှိရှိနှင့် မနက်ခြောက်နာရီကနေ ညခြောက်နာရီမှ အိမ်ပြန်သည့် Kim Jong in ကြောင့်
အိမ်နီးနားချင်း ပတ်ဝန်းကျင်တွေက 'သမက်တက်နေပြီလား ' ဟူသော မေးခွန်းကို
Yixing ခနခန အမေးခံနေရတဲ့အထိ !

Kim Jong in သည် မိမိတို့ ဆိုင်ပိတ်သည့်
နေ့တွေပါမကျန် အကြောင်းမရှိအကြောင်းမရှာ
အိမ်လာကာ တောက်တဲ့လို တွယ်ကပ်နေသည်က
ဩချရလောက်ပါသည်!

လက်ထဲမှ မုန့်ဖျော်ခွက်တွေကို စားပွဲပေါ် နေရာချလိုက်ပြီး...

" Hunnie ကို သွားနှိုးလိုက်အုန်း ...ညက ဗိုက်နာ
လို့ဆိုပြီး အိပ်မရဘူးထင်ပါရဲ့...နေမြင့်ရင်လည်း ခေါင်းကိုက်နေပြန်လိမ့်မယ်...jin youngလည်း
ရောက်နေပြီမို့ ..မင်း. မနက်စာ စားပြီးမှ
ပြန်ဝင်လာခဲ့တော့.."

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now