အပိုင်း ( ၁၁ )

22K 1.3K 317
                                    

ZuA * for Men သီးသန့် ကိုယ်ပိုင် fashion shop
သည် မြေညီထပ်တလွှာတည်းဖြစ်သော်လည်း ခေတ်မှီလှပသော ဆောက်လုပ်မူကို အကျယ်အဝန်း ကျယ်နှင့် ပံ့ပိုးကာ တောင်ကိုးရီးယား ၏ တော်ရုံယောကျာင်္းလေးများ မဝင်ထွက်နိုင်သော
brand တို့ကို အာမခံအပြည့်အဝနှင့် နိုင်ငံခြားမှ
တိုက်ရိုက်တင်သွင်းရောင်းချပေးနေသော ဆိုင်ဖြစ်သည်.

shopping mall တို့တွင် လျှောက်သွားကာ
shoppingထွက် ပျင်းသည့် သူများအတွက် တနေရာတည်းတွင် ယောကျာင်္းလေး
အဝတ်အစားများကို အစုံရနိုင်သော ဆိုင်ဖြစ်သလို
ဆိုင်၏ instagram တွင်လည်း tag  ထားသူများကလည်း idol များ များ၍
တော်အတန် အောင်မြင်သော ဆိုင်တခုထဲတွင် ပါဝင်သည်.

ဆိုင်၏ရောင်းအားကောင်းစေမူတွင် အထောက်အကူပြုစေသော ကားပါကင်နေရာသည်
အခြားဆိုင်များနှင့်မတူ ဆိုင်ရှေ့တွင် ထိုးရပ်၍ အဆင်ပြေအောင် ငွေကုန်ကြေးကျခံကာ ကားပါကင်နေရာငယ်လေး ထားပေးသည်.

ထိုကားပါကင်နေရာတွင် နောက်ဆုံးပေါ် လေးထောင့်ပုံစံနှင့် အမိုးဖွင့်ထားသော တံခါးဘောင် တန်းနားလေးတွင် ငွေရောင်တန်းနှင့် ပြောင်လက်နေသော ကားနက် တစင်း ဆိုက်ရောက် လာသည်.

ထိုကားပေါ်မှ brandမှန်းသိသာလွန်းသော နေကာမျက်မှန်အနက်နှင့်အတူ deadlock ဆံပင်နှင့် ဆွဲဆောင်မူရှိလှစွာ သားနားနေသည့် လူကို ဆိုင်မှန်အတွင်းမှ မြင်လိုက်ရသည့် ZuAဆိုင်ပိုင်ရှင် က လျင်မြန်ဖျက်လတ်စွာ  ပုံမှန်ဆိုင်အတွင်းမှ
ဦးညွတ်ကြိုနေသည့် မိမိတို့ဆိုင် ဝန်ထမ်းမလေး လေးယောက်နှင့် အတူ ဆိုင်ရှေ့ထွက်လာသည်.

" ZuA.ကနေ ကြိုဆိုပါတယ်ရှင် "

Kim Jong in ကားပေါ်က ဆင်းသည်နှင့် မိမိရှေ့
90° bowနှင့် ကြိုနေသူများကို ဒီနေ့အတွက်
Pretty goodဖြစ်နေသော feeling နှင့် ရက်ရောစွာ ဆွဲဆောင်မူရှိသော အပြုံးကို စွန့်ကြဲလိုက်သည့်အခါ ..

ဝန်းထမ်းမလေး လေးယောက်ခါးမမတ်သေးခင်
မတ်ခွင့်ရှိသည့် ZuAပိုင်ရှင် အပျိုကြီးက Kim group
၏ heirက အိမ်ထောင်ရှိမှန်းသိနေရက်သားနှင့်ပင်
ရင်ခုန်သွားလေသည်ကို အလျင်အမြန်ဖုံးဖိကာ..

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now