လွန်ခဲ့သော နှစ်ပတ်ကျော်ကတည်းကနေ တကယ်ပင်
မနှောင့်ယှက်တော့သည့်သူက...အရိပ်အယောင်ပင် မမြင်ရလေအောင် ပျောက်သွားတော့ Luhan သတိရမိသလို
ရှိလာသည်...တကယ်ဆို ခြောက်နှစ်လုံးတောင် နေနိုင်လာခဲ့တာဘဲကို...
ပြန်တွေ့တဲ့ လအနည်းငယ်မှာ သံယောဇဉ်ပြန်
တွယ်သွားမိတာလား...မဖြစ်နိုင်...
အရင်ကနဲ့မတူသွားတဲ့ ပုံစံကို ခန သိချင်မိလို့ဘဲနေမှာပါ...
မသိချင်ပါနဲ့လေ....
Luhanရ...
* အန်ကယ်လ်ကတော့ သားရဲ့ ရှေ့လမ်းအတွက် ရှင်းသင့်တာ ရှင်းရမှာဘဲ *
အဟက်...
အစ်ကိုတစ်ယောက်ထက်ပိုပြီးကို သံယောဇဉ်ရှိလာ
အောင်...ဆယ့်လေးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို
ချစ်ရေးလာဆိုခဲ့တဲ့ ဆယ့်ကိုးနှစ်အရွယ် သူဌေးသားလေးကတော့ ....သူဌေးသားတို့ မူအတိုင်း ဘာမှမသိရှာပါလေ....
သိစရာမလိုအောင်ကို သူတို့အတွက် အဆင်သင့် လမ်းခင်းပေးထားကြကိုး....
ကိုယ်က သူတို့ဘဝ တက်လမ်းပေါ်က ကျောက်တုံးလေး
တွေတဲ့လေ ...ဟက်....
အိမ်တိုင်ရာရောက်ကို ငွေထုတ်ကြီးတွေနဲ့ ဘေကျင်း
ကနေ ထွက်ခွာသွားပေးဖို့ လာပြောတုန်းက...ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးမှာလည်း
မာန တွေရှိပါသည်...အိမ်ခန်းထဲ ဖိနပ်ပင်မချွတ်ဝင်လာကာ
သားအမိနှစ်ယောက်လုံးကို မတူသလို မတန်သလို
ဆက်ဆံ ပြောဆိုသွားသူ၏ သားကို ဆက်ပြီး မရူးသွပ်သင့်မှန်းလည်းသိသည်..မခံချင်စိတ်တွေက အချစ်စိတ်တွေကို ပျောက်ကွယ်
အောင်မစွမ်းနိုင်ပေမဲ့ ဖိနှိပ် ဖုံးဖိ နိုင်စွမ်းတော့ရှိသည်လေ..." Luhan? "
" ဗျာ?..အာ...omma...ပြောလေ..."
" ခေါ်နေတာကြာလှပြီကို ဘာတွေများ အဲလောက်တောင် တွေးနေတာလဲ ? "
" အော်..အဟင်း..ဘာမှ မဟုတ်ပါဘူး..."
" Yi fan ဘယ်သွားနေတာတဲ့လဲ ? "
YOU ARE READING
ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ်
FanfictionYAOI warn° M- preg. Finally *Unicode *version is availabled from 2021 June XD