တရိုတသေ လှမ်းပေးလာသော ဖိတ်စာကဒ်လေး လက်ထဲရောက်လာသည်နှင့်အတူ...
သတို့သားလောင်း၏ ပီတိအပြုံးသည်လည်း
Yi fan ကိုပါ ပြုံးမိစေသည်...သို့သော်...
တွေးမိသည်ကို မပြောလို့မဖြစ်ပြန်တော့....
" မင်း ရဲ့ သတို့သမီးလောင်းလေးက သဘောကောင်းလို့ အဆင်ပြေတယ်ပြောပေမဲ့...မင်းတို့ မင်္ဂလာဆောင် ပြီးသွားရင်တော့ မင်းဆီမှာ အလုပ်တစ်ခုတော့ ရှိသင့်ပြီ "
Min Hyung မိမိ သူဌေးကို လေးစားစွာ ပြုံးပြရင်း
" ကျနော့်ကို သနားရင် Hyung အလုပ်ပြန်လုပ်သင့်တာပေါ့..."
" မင်းကွာ...."
" ကျနော့်ကို အလုပ်ပေးခဲ့တဲ့ Hyung ကိုဘဲ ကျနော်
သူဌေးလို့ ခေါ်ချင်လို့ပါ...တင်္နလာနေ့ Hyung
ကောင်လေးလည်း ခေါ်လာခဲ့နော်...
ကျနော် ဝတ်စုံသွားကြည့်ရအုန်းမှာမို့ ထနှင့်မယ်ဗျာ.."" အေး..အေး...အမြန်သွား...သတို့သမီးလောင်း က စောင့်နေရရင်မကောင်းဘူး..ကော်ဖီဖိုးတော့ မင်းသူဌေး ရှင်းမယ် "
" ကျေးဇူးတင်ပါတယ်ဗျာ "
Min Hyung မိမိ သုံးလရှိလာသည်အထိ အနားယူနေသေးသော သူဌေးကို အရိုအသေပေး
နှုတ်ဆက်ပြီး ကော်ဖီဆိုင်မှ ထွက်ခွာသွားသည်...Yi fan လည်း ဖိတ်စာအိတ်ကောက်ပြီး ငွေရှင်းကာ
အိမ်ပြန်လာသည်...တလကျော်နေပြီဖြစ်သော အိမ်လေးကို မိမိ အိမ်ကဲ့သို့
သတ်မှတ်လိုက်ပြီဖြစ်ကြောင်း Luhan မသိရှာသေး.
...ရပ်ကွက်ထဲမှ ကော်ဖီဆိုင်လေးမို့ လမ်းလျှောက်ရင်းသာ
လာခဲ့သည်မို့ အပြန်လည်း Yifan လေညှင်းလေးခံ ရင်း
ခပ်ဖြေးဖြေးလျှောက်လာသည်...မိမိဖခင်က သူ့စကားနားမထောင်နိုင်လျှင် Wu
အမျိုးဖြုတ်ပြီး နေသွားဖို့ အပြတ်ပြောခဲ့သည်မို့..Yi fan စိတ်မကောင်းဖြစ်မိရုံမှ တစ်ပါးမတတ်နိုင်..
မိမိဖခင်၏ အထောက်အပံ့နှင့် တတ်မြောက်လာခဲ့သည့် ပညာနှင့်သာ ဆက်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်
နေဖို့ လိပ်ပြာမလုံသလို ခံစားမိ၍ မိမိရုံးခန်းပိတ်ကာ အလုပ်တွေရပ်လိုက်သည်တွင်...
YOU ARE READING
ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ်
FanfictionYAOI warn° M- preg. Finally *Unicode *version is availabled from 2021 June XD