အပိုင်း ( ၁၄ )

19.8K 1.2K 212
                                    

" ကလေး....."

အရင်လို ဘာလဲဗျာ ဆိုပြီး ပြန်မထူးလာပေမဲ့..

ကျနော် စိတ်လှုပ်ရှားစွာပင်...

ကျနော့်ကို သာရပ်ကြည့်နေတဲ့ ကလေးကို...

" ကလေး...ဘယ်တွေရောက်နေတာလဲဟင်...?
Ge..လိုက်ရှာနေခဲ့တာ...."

စကားသံနှင့်အတူ အနားရောက်လာပြီး
ပိုင်စိုးပိုင်နိုင် ပုခုံးပေါ် ရောက်လာသည့် လက်ကြီးတွေကြောင့်...

Luhan အနစ်နစ်အလလ စုဝေးနေသော ဒေါသတို့
ပေါက်ကွဲထွက်ချင်လာသည်..

" ခင်ဗျားကြီး လက်တွေဖယ်နော် ! "

ခြောက်နစ်လုံး လွမ်းနေခဲ့ရသည့် မျက်လုံးလှလှလေး
တွေဆီက တခါမှ မတွေ့ဖူးသည့် ရန်လိုနေသလို.. စူးရဲသည့် အကြည့်တွေကြောင့်...

Yi fan ပြာသလဲလဲနှင့် မိမိလက်တွေကို ဖယ်လိုက်သည်.

" ဆော..ဆောရီး...ကလေးကို ခုလို ရုတ်တရက်ကြီး ပြန်တွေ့ရတော့ Ge. . အရမ်းဝမ်းသာသွားလို့ပါ "

" ကျနော် တော့ ဝမ်းမသာဘူး "

" ဘယ်လို ? "

တအံ့တဩဖြစ်သွားသည့် လူကြီးကို ကြည့်ကာ
Luhan ခပ်ချဉ်ချဉ်ပြုံးလိုက်ပြီး...

တည်ငြိမ်စွာ ပြောလိုက်သည်..

" တခုပြောချင်တယ်..ကျနော့်ကို ကလေး လို့ မခေါ်ပါနဲ့..ဘာလို့ဆို ကျနော် အရင်က ခင်ဗျားကြီးနဲ့သိခဲ့တဲ့ Luhan
မဟုတ်တော့ဘူး ..ခုနက ရှာနေခဲ့တာဆိုလို့
ထပ်ပြီး ပြောပါရစေ...ခင်ဗျားကြီး
ကျနော့်ကို အချိန်ကုန်ခံပြီး ဆက်ရှာမနေပါနဲ့လို့ပါ "

" ကလေး...? ကလေး ဘယ်လိုပြောလိုက်တာလဲကွာ.."

" ကျနော် ခင်ဗျားရဲ့ ကလေး မဟုတ်ဘူးနော် ! "

တကယ်ပင် ဒေါသတကြီးဖြစ်လာသော
Luhan ကို Yifan နားမလည်နိုင်သေးသော်လည်း..

အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်.

" ဟုတ်ပြီ..ဟုတ်ပြီ...ကိုယ်ထင်တယ်...ဒီနစ်တွေမှာ
ကိုယ်မသိလိုက်တဲ့ အကြောင်းတွေ အများကြီးရှိခဲ့မယ်လို့....အဲတော့ .. Luhan
ကိုယ် မင်းနဲ့ စကားပြောချင်တယ် "

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now