Unicode
လက်ဆောင်ပေးမယ်ဆိုပြီး မျက်လုံးကို အတင်းမှိတ်ခိုင်းနေတဲ့ Xiao Zhanကြောင့် Yibo ပြုံးပြုံးနဲ့သာ မျက်လုံးမှိတ်လိုက်ရလေသည်။
ဒီယုန်လူသားရဲ့အလိုကို သူက လိုက်လုပ်ပေးရမှာမလား။
"ရပြီ ခလေး"
Yibo မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာ မြင်နေရတဲ့ အစိမ်းရောင် စာအုပ်ကလေး။
စာအုပ်နောက်မှာ မျက်နှာလေးပြူထွက်ပြီး သူ့ကို ယုန်သွားလေးတွေပေါ်အောင် ပြုံးပြနေတဲ့ သူသိပ်ချစ်ရတဲ့ ကိုကို။
"ဒါ ဒါက~~~"
Yibo အံ့သြလွန်းလို့ ဘာမှတောင် ပြောမထွက်နိုင်တော့။ ဒါ ကိုကို သူ့ကို ငယ်ငယ်က ပေးဖူးတဲ့ သူ့အတွက် ပထမဆုံးလက်ဆောင်မလား။
"ကို ကိုကို ဖြဲ ဖြဲပစ် လိုက်ပြီမလား"
"အဲ့ဒါက အတုပါ ခလေးရယ်။ ဒါကမှ တကယ့် အစစ် ကိုယ် ခလေးကို မကောင်းကြံခဲ့မိပါတယ်။ ဒါပေမဲ့ ခလေး အရမ်းတန်ဖိုးထားတဲ့ ဒီစာအုပ်လေးကိုတော့ ကိုယ်တကယ် မဖျက်ဆီးရက်ပါဘူး။ ခလေး ကိုယ့်ကို စိတ်မဆိုးပါနဲ့နော် ခလေးနော်"
မျက်နှာငယ်လေးနဲ့ သူ့ကို ရှင်းပြလာတဲ့ ချစ်သူကို Yibo ပြုံးပြုံးလေးနဲ့ Xiao Zhan မျက်နှာကို အုပ်ကိုင်ပြီး~~~
"ကျွန်တော်စိတ်မဆိုးပါဘူး ကိုကို။ အတိတ်မှာ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကျွန်တော် စိတ်ထဲမထားတော့ဘူး။ ဘာလို့လဲဆို ဒီပစ္စုပ္ပန်မှာ ကိုကို ကျွန်တော့်ကို တကယ်ချစ်တယ်လို့ ယုံကြည်ခဲ့လို့ပဲ"
"ခလေးရယ်"
Xiao Zhan သူ့ရဲ့ ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲသွင်းလို့ ဆံပင်ပျော့ပျော့လေးကို မွှေးကြူလိုက်လေသည်။
ဆုံခဲ့ ကြုံခဲ့သမျှကို ထည့်မတွက်ချင်တော့ပါ။
အခုအချိန်မှာ ကိုယ်သိပ်ချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲမှာ ရှိနေတယ် ဆိုတဲ့ အသိနဲ့တင် အရာရာက ပြီးပြည့်စုံပါပြီ။"ဟ ဟား ဟား~~~"
စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှ မပီမသ ယုန်ရုပ်လေးကို ကြည့်နေရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းမီှပြီး ရယ်မောနေတဲ့ အချစ်ငှက်လေး နှစ်ကောင်ဟာ လောကကြီးကို မေ့ထားသလို နှစ်ယောက်တစ် ကမ္ဘာတည်လို့ ရယ်မောပျော်ရွင်နေကြလေသည်။
YOU ARE READING
Triangle {Completed}
FanfictionXiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တော့်ဘက်ကို တစ်နေ့နေ့တော့ လှည့်ကြည့်ပေးပါ Hae Yeon - ပိုင်ဆိုင်ဖို့မရည်ရွယ်ပါဘူး ငေးကြည့်ရုံသက်သက်လည်း ကျေနပ်ပါတယ် ZhanYi. (No YZ)