Part-20

4.7K 392 90
                                    

Unicode

Xiao Zhan တစ်ယောက်
စာဆက်သင်ချင်စိတ်မရှိတော့တာကြောင့်
ခြေဦးတည်ရာ လျှောက်သွားနေမိလေသည်။

"ဘာလို့ သူမကိုပဲ ဂရုစိုက်နေရတာလဲ။ ဘာလို့ ငါ့ကိုတော့ မကြိုက်သလို၊ ရွွံသလို ကြည့်ရတာလဲ"

"ကဲဟာ ကဲဟာ ကဲဟာ!!"

Xiao Zhanသူ့ဘေးနားက သစ်ပင်ကို
လက်သီးနဲ့ သုံးလေးချက်လောက်
ထိုးထည့်လိုက်လေသည်။

"အင့်!"

Xiao Zhan နောက်တစ်ချက်
ထပ်ထိုးလိုက်တော့
ဒီတစ်ခါက သူထိုးမိတာ
သစ်ပင်မဟုတ်ပဲ လက်ဖဝါးတစ္ခု
ဖြစ်နေတာကြောင့် ကြည့်လိုက်တော့
သူ့ကိုစိုးရိမ်မျက်ဝန်းနဲ့
ကြည့်နေတဲ့ Yiboကို တွေ့ရလေသည်။

"Yibo မင်းဘယ်လိုလုပ်~~~"

ဘယ်လိုလုပ်ရောက်လာတာလဲ
မေးချင်ပေမဲ့ သူမ​မေးမိ
ဒီအတိုင်းသာ Yiboကို အတန်ကြာ
စိုက်ကြည့်နေမိလေသည်။

"ရူးနေလို့ သစ်ပင္ကို ထိုးနေရတာလား?
ခင်များအသားနာမှာ မစိုးရိမ်ဘူးလား?
ကြည့်ဦး လက်ဆစ်မှာသွေးတွေထွက်နေပြီ!"

Yiboစကားပြောမှ Xiao Zhan
အသိပြန်ကပ်လာပြီး~~~

"မစိုးရိမ်~~~"

"ခင်များမစိုးရိမ်ပေမဲ့ ကျွန်တော်စိုးရိမ်တယ်
ခင်များတကယ်ရူးတာပဲ အတ္တလည်းကြီးတယ် လာ"

Xiao Zhanတစ်ယောက်တော့
Yiboဆွဲခေါ်ရာနောက်ကိုသာ
တိတ်တိတ်လေး လိုက်သွားမိလေသည်။

ဘာရယ်မဟုတ် သူဒီအခြေအနကို
တကယ္သဘောကျပါသည်။
ပေါက်စလေးက သူ့လက်ကို
လက်ကိုင်ပုဝါလေးနဲ့ သေချာစီးပေးနေတာ
မဟုတ်လား။

"ဘာလို့လိုက်လာတာလဲ
ဟိုကောင်မလေးကကော"

"~~~"

Xiao Zhanစကားကြောင့် ပုဝါချီလက်စ
ဖြစ်နေတဲ့ Yiboရဲ့လက်က တုံ့နှေး
သွားလေသည်။

Haeကို အခန်းပြန်ပို့ပြီးတာနဲ့
သူပြေးလိုက်လာတယ်ပြောရင်
Xiao Zhan သူ့ကိုအထင်သေး
သွားမလားပေါ့။

"ဘာဖြစ်လို့လဲ ဒါမှမဟုတ်
မဖြေချင်လို့~~~"

"သူ့ကိုအခန်းပြန်ပို့ပြီး
ခင်များနောက်ကိုလိုက်လာတာ"

Triangle {Completed}Where stories live. Discover now