Part-1

20.6K 823 24
                                    

  Unicode

၇လွှာရှိသော မြင့်မားလှသည့်ကျောင်းတော်ကြီးသည် ပတ်ဝန်းကျင်မှာ ထင်းနေကာ ဝံ့ထည်လျှက်ရှိသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင် ကျောင်းပီသစွာ၊ နာမည်ကြီး ဗိသုကာပညာရှင်က ဒီဇိုင်းဆွဲထားပြီး နံပါတ် ၁ ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်ထားသည့် ကျောင်း၏ပုံစံက ခမ်းနားသည်။ အထက်တန်းကျသည်။

လာတက်ရောက်သော ကျောင်းသူ၊ကျောင်းသားတိုင်းကလည်း အရည်အချင်းရှိသူများသာ။

ယခု ထိုကျောင်းကြီး ဖွင့်ချိန်မို့ ဝင်ပေါက်တွင် ကျောက်သားဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားသော ကျောင်းသား/သူတို့နှင့် ပြည့်နေသည်။

စာသင်နှစ်အစမှာတင် တစ်ခြားသောအရပ်မှ ပြောင်းလာခဲ့သူ ဝမ်ရိပေါ်ဆိုသောကောင်ကလေးသည် ကျောင်းပေါက်ဝနှင့် မလှမ်းမကမ်းမှာ ရပ်နေပြီး ကျောင်းတော်ကြီးကို ငေးကြည့်နေသည်။

ဒါက သူတက်ရမယ့်ကျောင်းတဲ့။
သူက ထူးချွန်တဲ့ကျောင်းသားမို့သာ တက်ခွင့်ရခဲ့သောကျောင်း။

မယုံနိုင်စရာကောင်းလောက်အောင် ခမ်းနားထည်ဝါတဲ့ကျောင်းရဲ့အသွင်အပြင်က သူ့ကို စိတ်လှုပ်ရှားစေလျှက်။ လက်သီးလေး တင်းနေအောင်ဆုပ်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ဝင်သွားလိုက်သည်။

တာဝန်ရှိသူထံသွားကာ ပြောဆိုပြီးနောက် သူတက်ရမည့် အခန်းကို ခေါ်သွားခံရသည်။

“ဒါက ကျောင်းသားသစ်”

အတန်းပိုင်ဆရာ၏ မိတ်ဆက်စကားက ဤတစ်ခွန်းသာ။

ကျောင်းသားသစ်ဆိုသည်က စာသင်နှစ် စတိုင်း ရောက်လာနေကြမို့ အထူးတလှယ်မိတ်ဆက်မနေ၊ နောက်ကျ သူ့ဟာနဲ့သူ ခင်မင်သွားကြတာပဲမို့ အထွေအထူးမလုပ်ကြပါ။

“သွား ဟိုပြတင်းပေါက်ဘေးခုံလွတ်ကိုသွား”

ရိပေါ်သည် အားလုံးကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ပြရာခုံသို့အလာ၊ တစ်စုံတစ်ယောက်၏ ခြေထိုးခံခြင်းကြောင့် ရှေ့ဟက်ထိုးလဲကျသွားရပါ၏။

အားလုံးက တခိခိနဲ့ဝိုင်းရယ်ကျသည်။

ရှက်ရှက်နဲ့ ထပြီး ခြေထိုးလိုက်တဲ့သူကို ကြည့်တော့ သူ အံ့သြသွားရသည်။

Triangle {Completed}Where stories live. Discover now