Part-22

4K 337 49
                                    

Unicode

အခန်းထဲရောက်တော့ Xiao Zhanက Hae Yeonနဲ့ Yiboကြားကို ဝင်ထိုင်ပလိုက်လေသည်။

Yiboကတော့ ဘာမှမတတ်နိုင်စွာပဲ Haeကို အားနာတဲ့မျက်ဝန်းနဲ့သာ ကြည့်နေရလေသည်။ ဘယ်လိုပဲပြောပြော Hae Yeonက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေးမလား။

သူထိုအခြေအနေရောက်နေတာတောင် သူXiao Zhanကို စိတ်မဆိုးဖြစ်ခဲ့။ Xiao Zhanသူတို့ကြားဝင်ထိုင်ပြီး ကျေကျေနပ္နပ်ကြီးသူ့ကိုပြုံးပြပြန်တော့ သူ့မှာပျော်ရွှင်ရပြန်သည်။

ဘယ်လိုပဲဖြစ်ဖြစ်တော့ ကိုကိုကျေနပ်ရင်
ကျွန်တော်လည်း ပျော်ပါပြီ။

Xiao Zhanအောင်နိုင်သူအပြုံးနဲ့ Haeကို ပြုံးပြတော့ Hae လေးပင်စွာပဲ မသိမသာနဲ့ ခေါင်းခါမိလေသည်။

နင်အရမ်း အညိုးကြီးတာပဲ Xiao Zhan။ ဒီကိစ္စမှာ Yiboက ဘာမှမသိဘူးလေ။

~~~~~

"ကိုကိုလာကြိုမယ်"ဆိုတဲ့ စကားကြောင့်
Yibo အိမ်ပေါက်ဝမှာ နာရီချီအောင် Xiao Zhanကို ရပ်စောင့်နေမိလေသည်။  ကျောင်းတောင်တက်ခါနီးပြီ Xiao Zhanက ရောက်မလာတာကြောင့်  Yibo စိတ်ထဲ လေးလံလာလေသည်။

"ကိုကိုဘာဖြစ်နေတာလဲမသိဘူး။ ဘာလို့ ခုထိရောက်မလာသေးတာလဲ"

နာရီလေးတစ္ကြည့်ကြည့်နဲ့ လမ်းထိပ်ကို လည်လေးတစ်ဆန့်ဆန့်နဲ့ ကြည့်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရယ် သစ်ပင်အကွယ် တစ်နေရာကနေ တိတ်တိတ်လေး ရပ်နေတဲ့ကောင်လေးတစ်ယောက်ရယ် အားလုံးက အဆင်ပြေရမှာ ဖြစ်ပေမဲ့ ကမောက်ကမ ဖြစ်လွန်းသည်။

နည်းတူ ကျောင်းစာသင်ခန်းထဲကနေ ကျောင်းတံခါးဝကို လည်လေးတစ်ဆန့်ဆန့်နဲ့ ကြည့်နေတဲ့ ကောင္မလေးတစ်ယောက်လည်းရှိသည်။

"ဘာလို့ ခုထိ ရောက်မလာသေးတာလဲ Yiboရယ်။ နောက်ကျလိုက်တာ"

မဟုတ်မှ သူ့ချစ်သူနဲ့ လျှောက်လည်နေတာများလား?

သက်ပြင်းချသံတိုးတိုးရယ် ညိုးငယ်နေတဲ့ မျက်နှာလေးက Kim Hae Yeonနဲ့ လုံးဝမလိုက်ဖက်ပေ။

~~~~~

"Hello အစ်ကို မရောက်~~~"

"ကိုယ်ရုတ်တရက် နေမကောင်းချင်လာလို့ ကိုယ်ကျောင်းမလာနိုင်တော့ဘူး ခလေးစောင့်နေတုန်းလား ကိုယ်တောင်းပန်ပါတယ်"

Triangle {Completed}Where stories live. Discover now