Part-43

3.8K 300 23
                                    

Unicode

မနက်အာရုံဦးရဲ့ နေရောင်နုနုလေး ထွက်လာချိန်မှာတော့ လက်မောင်းပေါ်က လေးလံမှုကြောင့် Xiao Zhanရဲ့ မျက်လုံးအစုံက ဖွင့်ကြည့်လာလေသည်။ လှုပ်ရှားမှုမ​ပြုသေးပါပဲ ငြိမ်နေတုန်း သူ့လက်ဖဝါးကြီးထဲက နုနုနွေးနွေးလက်ကလေးကို သတိထားမိပြီး ကြည့်လိုက်တော့~~~

"ခလေး~~~"

ထွက်တော့မဲ့ စကားလုံးကို အမြန်ရပ်ရင်း သူ့ လက်မောင်းပေါ်မှာ ခေါင်းလေးစောင်းတင်ပြီး အိပ်ပျော္နေတဲ့ Yiboကို ပီတိမျက်ဝန်းလေးနဲ့ တစိမ့်စိမ့်ကြည့်နေမိလေသည်။

ဇက်လေးညောင်းနေတော့မှာပဲ ခလေးရယ်။ မင္းလေးက ကိုယ့္အတွက် ရှိနေပေးတာတဲ့လား။

ထုံကျင်နေတဲ့ လက်ကို လျစ်လျူရှူ့လို့  သူချစ်လိုက်ရတဲ့ ခလေးရဲ့ မျက်နှာကိုသာ အသေးစိတ်ကြည့်နေလိုက်လေသည်။

အနည်းငယ် လူးလွန့်လာတဲ့ Yiboကြောင့် Xiao Zhan မနိုးသေးသလို မျက်လုံးအမြန်ပိတ်ပြီး ငြိမ်သက်နေလိုက်လေသည်။

နိုးလာတဲ့ ခလေးက နေရာမရွေ့သေးပုံရတယ်။ ခဏတော့ ကျွန်တော့်နှဖူးပေါ် လက်နွေးနွေးလေး ရောက်လာတယ်။ ခဏနဲ့ ပြန်ရုတ်ပြီး ကျွန်တော့်လက်ထဲက ကျန်လက်တစ်ဖက်ကို ထုတ်ဖို့ ကြံနေပုံရတယ်။ လှုပ်စိစိလေးပေမဲ့ သူအကြမ်းပတမ်း မဆွဲထုတ်ဘူး။ ဒါတေါင် သူက Wang Yibo မဟုတ်ဘူးလို့ ခလေးက မျက်လုံးမှိတ် ငြင်းဆန်တယ်။

အသာအယာ ဆွဲထုတ်နိုင်သွားတော့ သက်ပြင်းချသံတိုးတိုးလေးက အဆစ်ပါသွားတယ်။

ခလေးသွားပြီအထင်နဲ့ မျက်ဝန်းဖွင့်ဖို့ ကျန်ရုံရှိသေး ရင်ဘတ်ပေါ် ရောက်ရှိလာတဲ့ ဂွမ်းစောင်လေးကြောင့် စိတ်ကိုအသာထိန်းလို့ ငြိမ်သက်လိုက်ရတယ်။

ရင်ဘတ်ပေါ် နှစ်ချက် သုံးချက်လောက်ပုတ်ပြီး ရေချိုးခန်းတံခါးပိတ်သံကို ကျွန်တော်ကြားရတယ်။

ဒီနေ့ ကျွန်တော် အရမ်းပျော်တယ်။ ဝမ်းနည်းဝမ်းသာစိတ်တွေနဲ့ပေါ့။ တကယ်တော့ကျွန်တော့်ခလ​ေးရဲ့ စိတ်ထားက သိပ်နူးညံ့တာ ။ သိပ်လည်းဖြူစင်တယ်။ ကျွန်တော်သာ သူ့ကို အရောင်မဆိုးမိရင်ပေါ့။

Triangle {Completed}Där berättelser lever. Upptäck nu