Part-45

4K 305 90
                                    

Unicode

ရုတ်တရက် ရင်ခွင်ထဲ ရောက်လာတဲ့ ကိုယ်လုံးလေးကြောင့် Yibo အတန်ကြာသည်ထိ ကြက်သေသေနေမိလေသည်။

တစ်စ တစ်စ တင်းကြပ်လာတာကို သူခံစားရပေမဲ့ သူHae Yeonကို မတွန်းထုတ်မိ။

"သတိရနေခဲ့တာ ဟင့် ၅နှစ်လုံး ဘယ်တွေရောက်နေခဲ့တာလဲ သတင်းလေးဘာလေးလည်း မပေးခဲ့ဘူး။ Yiboအရမ်းဆိုးတာပဲ ဟင့်~~~"

"မငိုပါနဲ့ Haeရယ် ကျွန်တော် နေကောင်းပါတယ်လို့။ ကျေးဇူးပါ သတိရပေးလို့။ ပြီးတော့ တောင်းပန်ပါတယ်"

"အင့် မလိုဘူး ဟင့် မလိုဘူး ပြန်လာတာနဲ့တင် လုံလောက်ပြီ ဟင့် အီးဟီး"

Yibo ရင်ခွင်ထဲကနေ ထွက်ခါစ Hae Yeonက အင့်ခနဲငိုလို့ Yibo ရင်ခွင်ထဲ ရောက်သွားရပြန်သည်။

တစ်ခါတစ်လေတော့လည်း လူ့ဘဝက ဇာတ်လမ်းဆန်လွန်းသည်။

တစ်သက်စာထပ်မတွေ့တော့ဘူးဟု မှတ်ယူထားတဲ့ လူတစ်ယောက်ကို ပက်ပင်းတိုးနေတာမျိုး။

ဒါမှမဟုတ် ကြိုတင် ပြင်ဆင်ထားခြင်းမပြုလုပ်ထားပါပဲ မထင်မှတ်ပဲ အချိန်အတော်ကြာရှာနေတဲ့လူက ကိုယ့်ရှေ့မှာ ရပ်နေတာမျိုး။

ကံမကုန်လို့ ပြန်ဆုံကြတော့လည်း ကံကြမ္မာအလိုတော်အရပဲပေါ့။

အချိန်ခဏအကြာမှ နှစ်ယောက်သား လာရင်းကိစ္စကို သတိရသွားလေသည်။

"ဒါနဲ့ Hae ဘယ်လိုရောက်လာတာလဲ? မဟုတ်မှ အဖွားပြောတဲ့ ကောင်မလေးက Haeလား?"

"Yiboရဲ့အဖွားက လန်အဖွားလား?"

အံ့သြခြင်းများစွာနဲ့ မေးလာတဲ့အမေးလေးကို Hae Yeon တစ်ယောက်လည်း တအံ့တသြနဲ့သာ ​မေးလာခဲ့ပြန်သည်။

နှစ်ဖက်က အမေးသာ ဖြစ်ပေမဲ့ အဖြေကိုတော့ နှစ်ဦးသားသိနေသည်။

Yibo ခဏတာတော့ အံ့သြမိပေမဲ့ မျက်နှာကို  ပြန်ပြင်ပြီး လူကြီး လူကောင်းပုံစံဖြစ်အောင် အကျင်္ီတို့ကို အသာဆွဲချပြီး~~~

"အဟမ်း မိတ်ဆက်ကြရအောင်ဗျာ~~~
ကျွန်တော်က Lan Groupရဲ့ တစ်ဦးတည်းသော ဆက်ခံသူ Lan Wanjiပါ အများသိနာမည်ကတော့ Lan Yiboပါ ဒီက ကျွန်တော့်ရဲ့ ကြင်သူသက်ထားလောင်းလျာလေးကကော  နာမည်ဘယ်လိုခေါ်ပါသလဲ?"

Triangle {Completed}Where stories live. Discover now