Part-35

4.4K 366 39
                                    


Unicode

အရေးကြီး meeting အတွက် Xiao Zhanပြင်ဆင်လို့  အမြန်ပဲ Companyကို
ပြေးရလေသည်။

"ကျန်းချန် မင်းသေချာ ပြင်ဆင်ထားတယ်မလား ဒီနေ့ Lan Groupက ငါတို့နဲ့ လာဆွေးနွေးမှာတဲ့ ပြသနာ တက်လို့မဖြစ်ဘူး။ ငါတို့သာ သူတို့နဲ့ လက်တွဲနိုင်ရင် ရလာမဲ့ အကြိုးဆက်က အံ့မခန်းပဲ"

"ငါနားလည်ပါတယ်။ ဒါနဲ့မင်း ခုတလော ဆေးခန်းသွားပြသေးလား မင်းပိန်လာသလိုပဲ"

"ပြစရာမလိုပါဘူးကွာ မင်းအဖေက အ​ကောင်းကြီး"

"ဘောကို မင်းအဖေ ငါက စေတနာနဲ့ မေးနေတာ ဟိုကောင်လေးနဲ့ ပြန်မတွေ့ခင် ဂန့်နေမှာစိုးလို့ ပြောပြနေတာ"

"ငါလွယ်လွယ်နဲ့ မသေပါဘူး ငါခလေးကို တွေ့ပြီး တောင်းပန်ရအုံးမှာ"

ကျန်းချန် Xiao Zhanကို ပျော်စေချင်လို့ စနောက်လိုက်ပေမဲ့ သူ့ရဲ့ စကားတစ်ခွန်းကြောင့် မျက်နှာလေးညိုှးပြီး အဝေးကို ခပ်ဆွေးဆွေးလေး ငေးကြည့်ရင်း ဆိုလာတဲ့ Xiao Zhanကြောင့် ကျန်းချန် အားနာသွားရလေသည်။

"Xiao Zhan မရည်ရွယ်ပါဘူး ငါတောင်းပန်ပါတယ်ကွာ ငါ~~~"

"ရပါတယ် အရင်းခေါက်ခေါက်တွေပဲကို စိတ်မကောင်းတဲ့ မျက်နှာကြီးနဲ့ မလုပ်ပြနဲ့ကွာ မင်းလည်း အကောင်းပြောနေတာပဲကို။ ငါအပြစ်မမြင်ပါဘူး"

"ငါ~~~"

"မစောတော့ဘူး ငါတို့ meeting room ထဲ သွားကြမယ်"

ထိုသို့ပြောပြီး သူ့ကို ကျောခိုင်းလို့ meeting room ဆီ အရင် ဦးတည်သွားပြီ ဖြစ်တဲ့ Xiao Zhanကို  ငေးကြည့်ရင်း ခေါင်းခါနေရုံမှအပ သူဘာမှ မတတ်နိုင်တော့။

မင်းရဲ့အချစ်က ဘယ်တော့မှ ကံကောင်းမှာလည်းကွာ။ ပထမအချစ်လည်း ရှုံး ။ ဒုတိယအချစ်လည်းရှုံး။ မင်းရင်ဘတ်တစ်ခုလုံးနဲ့ ရင်းပြီး ချစ်မိသွားသူကလည်း ကံကြမ္မာအလှည့်အပြောင်းကြောင့် ​ပျောက်သွားပြီတဲ့လား။

~~~~~

"Lan ဥက္ကဌ ရောက်ရှိလာပါပြီ"

"ဝင်လာခိုင်းလိုက်ပါ"

Xiao Zhanရဲ့ စကားသံအဆုံး Meeting Roomထဲ ဝင်လာတဲ့ လူတစ်ယောက်ကြောင့် Xiao Zhan ကော ကျန်းချန်ပါ ကြက်သေ သေသွားမိလေသည်။

Triangle {Completed}Where stories live. Discover now