Part-26

4K 323 30
                                    

Unicode

Xiao Zhanနဲ့ Yibo တို့ အိမ်ပြန်ရောက်တော့ သူတို့ကို ထမင်းဝိုင်းလေးပြင်ပြီး ထိုင်စောင့်နေတဲ့ Seoun Younကို တွေ့ရလေသည်။

"ပြန်ရောက်လာကြသေးတယ်နော် ငါကဖြင့် မင်းတို့ မမြို မစို့တော့ဘူး ထင်နေတာ"

"ဟာ ကောကလည်း"

ရောက်ရောက်ချင်းကို ဆွန်းယွန်းအော်ပြောလိုက်တာကြောင့် Xiao Zhanက မျက်မှောင် ကြုံ့သွားပေမဲ့ Yiboကတော့ စပ်ဖြီးဖြီးရုပ်လေးနဲ့ Seoun Younကို ပြန်စနေသေးသည်။

"ထိုင်ကြတော့ ငါဆာနေပြီ"

"ဆာရင်လည်းစားလေ မင်းပါးစပ်ကို ဘယ်သူမှ ချုပ်မထားဘူး"

"ကိုကိုတော်တော့"

နှစ်ယောက်သား Yibo ဝင်ထိန်းမှ
ငြိမ်သက်သွားကြလေသည်။ ဒါတေါင် ပွစိ ပွစိနဲ့ မငြိမ်မသက် ဖြစ်နေကြသေးသည်။

Xiao Zhanနဲ့ Seoun Younကတော့ Yibo အတွက် ဟင်းတွေ လုပြီးခတ်ပေးရင်းနဲ့ပဲ အချိန်ကုန်နေကြတာကြောင့်
သူတို့ကို သူတို့တောင် ဟုတ်တိပတ်တိ မစားဖြစ်ကြ။

Yiboကတော့ သူတို့ကြား ငိုရမလိုလို ရီရမလိုလိုကို ဖြစ်နေလေသည်။

~~~~~

အခုတလောHae Yeonနဲ့ အနေမနီးဖြစ်တော့တဲ့ Yiboဟာ Xiao Zhanပယောက မကင်းပေ။ လိုတာထက် လွန်ပြီး သဝန်တိုနေတဲ့ Xiao Zhanကြောင့် Yibo အနေရခက်သလို ပျော်လည်းပျော်သည်။

ဝမ်းနည်းတာ တစ်ခုတော့ ရှိသည် သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေး Hae Yeonကို ဝေးရတာကြောင့်ပင် ဖြစ်သည်။

Hae Yeonတစ်ယောက်တော့ နေ့တိုင်းမြင်တွေ့နေရတဲ့ မြင်ကွင်းကြောင့် နာကျင်ရပေမဲ့ စိတ်ပူနေရတဲ့ ထိုလူလေးကြောင့် နေ့တိုင်း မပျက်တဲ့ အလုပ်ကတော့ Yiboနောက်ကို လိုက်ချောင်းရတဲ့ အလုပ်ပင်ဖြစ်သည်။
သူအိမ်ရောက်လို့ စိတ်ချရမှ သူမအိမ်ကို ပြန်ဖြစ်သည်။

မိန်းခလေးက မိန်းခလေးလို မနေပဲ ယောက်ျားလေးတစ်ယောက်ကို လိုက်ကြည့်ပြီး စိုးရိမ်နေရတာ သဘာဝမကျဘူးလို့ ထင်ရင် ထင်ကြမယ်။ တကယ်တော့ အချစ်နဲ့ ထိတွေ့သူတိုင်း အလိုလိုသန်မာသွားကြတာပဲ မဟုတ်ဘူးလား။

Triangle {Completed}Where stories live. Discover now