Part-17

4.3K 377 46
                                    

Unicode

Xiao Zhan သူ့ကားပေါ်မှာ
ကုတ်ကုတ် ကလေးပါလာတဲ့
အကောင်ပေါက်လေးကို
အသည်းတွေ အူတွေယားနေလေသည်။

ပေါက်စီလေးလို လုံးနေတာပဲ။

Xiao Zhan တွေးရင်း တွေးရင်း
အပြင်ဘက်ကပါ တံတွေးတွေ
မြိုချလိုက်တာကြောင့် Yibo
ကိုယ်လေး မသိမသာ
တွန့်သွားလေသည်။

ဘာလားဟ  ဒီလူ ငါ့ကိုများ~~~
အမလေး! အခုထိ ချစ်သူမဖြစ်သေးဘူးလေ။

Yibo ကတော့ ကိုယ့်အတွေးနဲ့ကိုယ်
လန့်ပြီး ခေါင်းငုံ့နေတာကြောင့်
သူ့ကို အမြတ်တနိုးနဲ့ ကြည့်နေတဲ့
မျက်ဝန်းတစ်စုံကိုတော့
သူမမြင်ခဲ့ပေ။

နှစ်ယောက်သား ယှဥ်တွဲပြီး
ကျောင်းခန်းထဲဝင်လာတာကြောင့်
အားလုံးက အထူးအဆန်းလုပ်ပြီး
တစ်ချို့က ကွက်ကြည့် ကွက်ကြည့်နဲ့
တစ်ချို့ကလည်း ပွစိ ပွစိပြောနေလေသည်။

Xiao Zhan ဆီ အခုဦးတည်လာတဲ့
လူအုပ်စုက သူတွဲဖူးတဲ့ မိန်းခလေးတွေ

"ကိုကို!"

သူတို့ အုပ်စုနဲ့ Xiao Zhanတို့
ထိပ်တိုက်တွေ့တော့ ထိုအုပ်စုထဲက
လူတွေထဲက တစ်ယောက်က
Xiao Zhanကို ခေါ်လာတာကြောင့်
Yibo မျက်နှာလေး ညိုးသွားလေသည်။

သူ အပယ်ခံဖြစ်ရတော့မှာလား??

Yibo အတွေးတို့မဆုံးသေး
Xiao Zhanက သူ့ရင်ခွင်ထဲကို
ဆွဲသွင်း လိုက်တာကြောင့် Yibo
အံ့သြသွားလေသည်။

"ငါ မင်းတို့ကို ပြောထားပြီးသားထင်တယ်"

"ဒါပေမဲ့ ကောကော~~~"

"ဖယ်!"

စကားပြောနေတဲ့ ကောင်မလေးရဲ့
နှုတ်ခမ်းသားဟာ Xiao Zhanရဲ့
အမိန့်လို စကားသံအောက်မှာ
ငြိမ်သက်သွားရလေသည်။

ဘေးတစ်ဖက်တစ်ချက်မှာ
တန်းစီပြီး ငြိမ်ငြိမ်လေး ရပ်နေကြတဲ့
ကောင်မလေးတို့ဆီမှာ
ဘာစကားသံ တစ်စိုးတစိမှ
ထွက်မလာတော့။

Xiao Zhanကတော့ ထိုအချင်းအရာကို
ဂရုစိုက်ပုံမပေါ် Yiboရဲ့
လက်ကိုသာဆွဲပြီး အခန်းထဲသို့
ဝင်သွားလေသည်။

~~~~~

ပုံမှန်ထက် ငြိမ်သက်လွန်းနေတဲ့
Hae Yeonကြောင့် Yibo စိတ်ထဲ
မတင်မကျ ဖြစ်လာလေသည်။အရင်နေ့တေဆိုသူ့ကိုအမြဲတမ်းစကားတွေတစ်ခုမဟုတ်တစ်ခုပြောနေကြမလား

Triangle {Completed}Tahanan ng mga kuwento. Tumuklas ngayon