Part-19

4.3K 374 52
                                    

  Unicode

မမျှော်လင့်ထားပါပဲ
တွန်းထုတ်ခြင်း ခံရတာကြောင့်
Xiao Zhanကိုယ်ကြီးက
အနည်းငယ် ယိမ်းယိုင်လို့
Yibo လက်မောင်းကို ကိုင်ထားတဲ့
လက်နှစ်ဖက်ကလည်း
လစ်ဟာသွားရလေသည်။

"ကျစ်! မင်း!"

Xiao Zhan ဒေါသတစ်ကြီးနဲ့
Yiboရှေ့မှာ ပိတ်ရပ်ထားတဲ့
Hae Yeonကိုတွေ့တော့
သူ ဟက်ဟက်ပက်ပက်ကို
ရယ်ချလိုက်လေသည်။။

Yiboတစ်ယောက်တော့
အခြေအနေက အလွန်မြန်နေတာကြောင့်
လိုက်လို့မမှီတော့ပဲ
​ြိငိမ်သက်စွာ ရပ်နေမိလေသည်။

"မင်း ငါ့ကိစ္စထဲ ဝင်မပါနဲ့ Hae Yeon"

"ငါက ပါချင်တယ်ဆိုရင်ရောနင္က ဘာလုပ်ချင်လဲ"

Xiao Zhanရဲ့ အသံမာမာရဲ့အဆုံးမှာ
Haeရဲ့ မထီမဲ့မြင်အသံက
ကပ်ပါလာလေသည်။

"ငါ မိန်းခလေးတွေကို
မထိခိုက်စေချင်ဘူးနော် Hae Yeon
ငါက yiboနဲ့ပဲ ပြောချင်တာ"

"ငါက နင်နဲ့ ရှင်းချင်တယ် ဆိုရင်ရော"

"မင်း "

"Yiboကို မထိနဲ့!"

ဒါက ဘယ်လို အခြေအနေကြီးလဲ
ဘာတွေ ဖြစ်ကုန်ကြတာလဲ?
ငါဘာမှ နားမလည်တော့ဘူး။

"မထိနဲ့ ပြောရအောင်
သူက မင်းအပိုင်လား?
Wang Yibo ပြောပါအုံး
မင်းက သူ့အပိုင်လား ?
သူ့နောက် ငြိမ်ကုတ်နေတာကို
ကြည့်ရသလောက်တော့
မင်း~~~"

ဖြန်း!!!

Xiao Zhanစကားပက်မဆုံးလိုက်
ဖြန်းခနဲ အသံနဲ့အတူ
သူ့ရဲ့ ပါးပြင်တစ်ဖက်က
ပူထူသွားရလေသည်။

"Hae Yeon!"

Xiao Zhan Haeကို ပြန်ရိုက်ဖို့
မတွေးခဲ့ပေမဲ့ ဒေါသကြောင့်
သူ့ရဲ့ မာန်အပြည့်နဲ့
ခြေလှမ်းက Haeဆီတိုးလာတော့
ခုမှ သတိကပ်လာတဲ့ Yiboက
Hae ကို သူ့နောက်ကို ဆွဲပို့လို့
သူက Haeရှေ့မှာ ပိတ်ရပ်ထားလေသည်။

Yiboရဲ့ လုပ်ရပ်ကြောင့်
Xiao Zhanရဲ့ ခြေလှမ်းတွေက
တုံ့နှေးသွားရသလို
သူ့ရဲ့ မျက်နှာမှာလည်း
အံ့သြမှု ပေါင်းများစွာကို
အထင်းသား တွေ့နေရလေသည်။

နည်းတူ Yibo နောက်က
Hae Yeonကလည်း အံ့သြ
မှုပေါင်းများစွာနဲ့  ပါးစပ်
အဟောင်းသား ဖြစ်နေရလေသည်။

Triangle {Completed}Where stories live. Discover now