"boss ဒေါ်နုနုသက် ရောက်နေပါတယ်"
"ကြာပြီလား"
"နာရီဝက်ကျော်တော့ရှိပါပြီ။"
"ကျစ်!"
ရာစု မိမိရုံးခန်းကိုဝင်မည့်ခြေလှမ်းများအား ရွေ့ကာ တစ်ဖက်အခန်းသို့ဉီးတည်လိုက်သည်။တံခါးကိုဖွင့်တော့ ဆက်တီပေါ်တွင် ကျကျနနထိုင်ကာဖုန်းသုံးနေသော အဒေါ်ဖြစ်သူအားတွေ့လိုက်ရသည်။
"ထူးထူးဆန်းဆန်းပါလား..."
"အဟက်! ငါ့တူလေးကအပြင်မှာပင်ပင်ပန်းပန်းအလုပ်လုပ်နေတာ အဒေါ်ဖြစ်သူကအိမ်မှာအေးဆေးထိုင်နေရမှာလား တစ်ခါတစ်လေကုမ္ပဏီကိုလာကူရတာပေါ့"
"ပင်ပင်ပန်းပန်းအစား အသက်ကိုလောင်းကြေးထပ်ပြီးလို့ထည့်ပြောပါလား။"
ရာစု ခနဲ့တဲ့တဲ့ပြောရင်း ထိုင်ခုံတွင်ထိုင်ချလိုက်သည်။ဟန်လင်းသန့်က macbook ကိုကိုင်ကာ တစ်ဖက်တွင်မတ်တပ်ရပ်နေသည်။
"ဟင်..အခုဘာဖြစ်လာလို့လဲ"
"ဘာမှမဖြစ်ပါဘူး။ဘာလဲ အကောင်းအတိုင်းမြင်လိုက်ရလို့ လောင်သွားတာလား"
"ဗာမာန်ရာစု! မင်း ကိုယ့်အဒေါ်ကိုဘယ်လိုစကားတွေပြောနေတာလဲ။"
အနာပေါ်တုတ်ကျသည်လား မသိ။ကျယ်လောင်သွားသည့် ဒေါ်နုနုသက်၏အသံ။ဒေါ်နုနုသက် မိမိကိုယ်ကိုထိန်းကာ မတ်တပ်ရပ်နေသော ဟန်လင်းသန့်ကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။ဆိုလိုသည်က ထွက်သွားခိုင်းသည်ပေါ့။
ဟန်လင်းသန့် မမြင်ချင်ယောင်ဆောင်လိုက်သည်။ရာစု ကထိုအရာကိုသတိထားမိသည်မို့ ဟန်လင်းကို ရာစုမျက်နှာရိပ်မျက်နှာကဲပြမှာသာ
"လချုပ်စာရင်းစစ်စရာရသေးလို့ ကျွန်တော့်ကိုခွင့်ပြုပါအုံးခင်ဗျ"
ဟန်လင်းသန့် အသိပေးကာ ထွက်သွားလေတော့ တံခါးကိုဆွဲဖွင့်ရာ ချောင်းနားထောင်နေသော ရွှေရည်သွန်း ကိုတန်းတွေ့လေသည်။ဟန်လင်းလဲ တံခါးကိုအမြန်ပြန်ပိတ်ကာ
"နင် ဒီမှာဘာရပ်လုပ်နေတာလဲ"
ရွှေရည်သွန်း လူမိသွားသည်မို့ မေးတာမဖြေဘဲဟိုဟိုသည်သည်လျှောက်ကြည့်နေမိသည်။
YOU ARE READING
Love Behind The Complexity
Romance"ငါတို့ကယောက်ျားအချင်းချင်းလေ...ပတ်ဝန်းကျင်အမြင်မှာ..." "ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး။အဓိက က ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ယုံကြည်မှု၊သစ္စာရှိမှုတွေနဲ့ အပြန်အလှန်ချစ်နေကြဖို့ပဲလေ"