Part 6

921 62 8
                                    

"ဟုတ်ကဲ့ပါရှင်။ယခု အချိန်ဟာဆိုရင်ဖြင့် အားလုံးစောင့်မျှော်နေကြတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ဒီကနေ့ပွဲရဲ့ ဟိုက်လိုက်ကိုလဲ မြင်ချင်နေကြပြီလို့ထင်ပါတယ်။ဒါဆို ကြည့်ဖို့အဆင်သင့်ဖြစ်ကြပြီလားရှင်...."

Announcer ရဲ့စကားအဆုံး အားလုံးရဲ့အကြည့်တွေက စင်ပေါ်မှာစုကုန်ကြသည်။စိတ်မဝင်စားသော သင်တိုင်းရှင်းဟန် တောင်မှစင်ပေါ်ကိုအာရုံစိုက်မိထားသည်။အောင်ကြီးကတော့ ဟိုက်လိုက်ကိုဆင်မြန်းလာမည့်သူက သူ့အချစ်လေးဆိုတော့ ဂနာမငြိမ်ဖြစ်လို့နေသည်။

မီဒီယာများမှာလဲ ကင်မရာကိုကိုင်ကာ အငြိမ်မနေဖြစ်နေသည်။ထို့အတူ ပွဲထဲရှိဧည့်သည်များလဲ ထိုဟိုက်လိုက်အပေါ်စိတ်ဝင်တစားဖြစ်နေကြသည်။

စလိုက်မီးမှာ စင်ပေါ်သို့ လျှောက်လှမ်းလာသည့်သူအပေါ်ကျရောက်လာတော့ အားလုံးနီးပါးကျွတ်စိကျွတ်စိဖြစ်ကုန်ကြသည်။ကြားထားတဲ့သတင်းတွေအရ ဟိုက်လိုက်ကိုဆင်မြန်းမဲ့သူက မင်းသမီးဒေါင်း ဟုပင်။

"ဘယ်လိုဖြစ်တာလဲ။ဒေါင်း မဟုတ်ဘူးလား"

"ဟ!ငါ့အချစ်လေးက ဘယ်ရောက်သွားလို့လဲ"

ပွဲထဲရှိသူတွေနဲ့အောင်ကြီးရဲ့အလိုမကျကာ စိတ်ပျက်နေသည့်အသံထွက်လာသည်။မီဒီယာများမှာလဲ ကင်မရာဖြင့်မှတ်တမ်းယူနေကြသည်။လူပြောင်းခြင်းအပေါ်ခနတာကျွတ်စိဖြစ်သွားပေမဲ့ အားလုံးရဲ့အာရုံက စင်ပေါ်ရှိသူ၏လည်တိုင်ထက်တွင်ဆွဲထားသော ဟိုက်လိုက်စိန်ဆွဲကြိုးကြီးဆီရောက်သွားကြသည်။

လူပြောင်းလဲ လည်း ယခုဟိုက်လိုက်ကိုဆင်မြန်းထားသည့်လူမှာ သူနှင့်ဟိုက်လိုက်စိန်ဆွဲကြိုးမှာတင့်တယ်ကာ လိုက်ဖက်လို့နေသည်။သေချာသည်က ထိုသူမှာအရမ်းလှသည်။

ဖြူနုနေသောအသားအရည်နှင့် ပန်းဆီရောင်နှုတ်ခမ်း မျက်လုံးအကြည့်တွေက အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်သည်။တစ်ချို့ စီးပွားရေးရှင်တွေဆို စင်ပေါ်ကသူအားတဏှာမျက်လုံးဖြင့်ကြည့်၍သရေတစ်မျှားမျှားဖြစ်နေကြသည်။

ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းကာ အရယ်အပြုံးမရှိဘဲ အကြည့်နဲ့တင်ညှို့ယူသွားသည့်သူမှာ သေချာပါသည်။နောက်တစ်နေ့တွင် ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဝက်ကွဲအောင်မြင်မည်ဆိုတာ။

Love Behind The Complexity Where stories live. Discover now