Part 12

1K 62 11
                                    

"ခင်ဗျား မှာလိုက်တာတွေကလည်း အထူးအဆန်း"

"bodyguard မဖြစ်ခင်ကတည်းက နံပြားနဲ့လက်ဖက်ရည်နဲ့ဖက်မွေးလာခဲ့တဲ့ကောင်ကွ"

မနက်စာ မစားရသေးသောကြောင့် စားစရာမှာလိုက်ရာ နံပြားနဲ့လက်ဖက်ရည်ကိုသာမရရအောင်ဝယ်ခိုင်းလိုက်သောသူ။

"နံပြားနဲ့လက်ဖက်ရည်ကို ကြိုက်တာလား"

"အေး...နံပြားကိုမှထောပတ်လေးနဲ့ဆိုရှယ်ပဲ"

"စမူဆာရော မကြိုက်ဘူးလား"

"ဘာ! ဟျောင့် မင်း ဘာစကားပြောတာလဲ"

"စမူဆာရော မကြိုက်ဘူးလားလို့မေးတာလေ။ခင်ဗျား ကဘာတွေတွေးနေတာလဲ။ဟိုမယ်နော် နေမင်းကြီးရှိသေးတယ်။တစ်ယောက်ထဲကွက်ပြီး မိုးချုပ်မနေနဲ့"

"တော်...တော်။မင်း ဆဲခံထိတော့မယ်"

ရှင်းဟန် စကားဆက်မပြောတော့ဘဲ နံပြားနဲ့လက်ဖက်ရည်စားခြင်းကိုသာအာရုံစိုက်လိုက်သည်။ပိုက်ဆံရှိလူတန်းစားတွေရဲ့ နံနက်စာအကြောင်းကို တော့ရှင်းဟန်မပြောချင်။ ရှင်းဟန်တို့လို အလယ်လတ်တန်းစားတွေကတော့ ချင့်ချိန်ပြီးစားသုံးတတ်ကြသည်။

ဆုံလည်ခုံတွင်ပြန်ထိုင်ပြီး အလုပ်လုပ်နေသောရာစုကို ရှင်းဟန်တစ်ချက်မျှကြည့်ပြီး မျက်လုံးက စင်အမြင့်ပေါ်တွင်တင်ထားသော အရာတစ်ခုကိုအာရုံရောက်သွားသည်။ထိုအရာက သဲနာရီ။ထိုစင်အနားသို့ ရှင်းဟန် သွားပြီး အနီးကပ်ကြည့်လိုက်သည်။

တစ်ဆက်တည်းထပ်ပြီးမြင်‌တွေ့လိုက်ရတာက အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး၏မှန်ဘောင်သွင်းထားသောပုံ။အတော်ကျက်သရေရှိပြီး လှပါပါသည်။ရှင်းဟန် ထိုသူတွေအား အနည်းငယ်မြင်ဖူးနေသယောင်။ရှင်းဟန် ဒါတွေကို‌အစောက ဘာလို့မမြင်တာပါလိမ့်။

"အဲ့ဒါ ဒယ်ဒီနဲ့ မာမီလေ"

မိမိအနောက်ဘက်မှထွက်ပေါ်လာသောအသံကြောင့် ရှင်းဟန် အနောက်ကိုလှည့်ကြည့်တော့ ရာစုကိုတွေ့လိုက်ရသည်။ရာစုမှာ သူ့ဒယ်ဒီနဲ့မာမီကိုကြည့်ပြီး မျက်ဝန်းထဲတွင် တစ်ရိပ်ရိပ်ဖြတ်သန်းနေသောအရာများ။ထိုအရာများကို ရှင်းဟန် မြင်လိုက်ရ၍ စိတ်မကောင်း။

Love Behind The Complexity Where stories live. Discover now