Part 11

763 63 14
                                    

"ကျွန်တော်ကတော့ ဉက္ကဌရွေးချယ်တဲ့လူပဲ ပေးစေချင်တယ်။ ဉက္ကဌကောင်းမယ်စီစဉ်တာကိုပဲလက်ခံပါတယ်ဗျ"

ယခုဆို အဖွဲ့နှစ်ဖွဲ့ကွဲသွားပြီဖြစ်သည်။ဟန်လင်းသန့်ကို ပရောဂျက်ပေးစေချင်တာကတစ်ဖွဲ့၊ဉီးဝဏ္ဏကိုပေးစေချင်တာကတစ်ဖွဲ့။

"ကောင်းပြီလေ...။ညီတူညီမျှဖြစ်သွားအောင် မဲပေးကြမယ်။"

"ဉက္ကဌ သဘောတူပါသလားဗျ"

ရာစု အားလုံးကိုတစ်ချက်ဝေ့ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

ရှင်းဟန် သူတို့အကြားခေါင်းပင်မူးလာရပြီ။အဲ့ဒါတွေပဲ။သူ စီးပွားရေးလောကကိုမဝင်ချင်ရတဲ့အကြောင်းအရင်းက။

"ဉီးဝဏ္ဏ ဘက်ကမဲပေးမယ့်သူ..."

ချက်ချင်းကို လက်မြှောက်လာကြပါသည်။ရာစု အနည်းငယ်တော့မျက်ခုံးပင့်မိသား။ဒေါ်နုနုသက်က ဘယ်ဆိုးလို့လဲ။

"၆ယောက်...။ဒီ ၆ယောက်အတည်ပြုလိုက်ပြီနော်"

"ဒါဆို ဟန်လင်းသန့်ဘက်ကမဲပေးမယ့်သူ.."

၆ယောက်။

"သရေ သရေဖြစ်နေတယ်"

ဒေါ်နုနုသက် ဂနာမငြိမ်နိုင်တော့။သူ စည်းရုံးခဲ့တုန်းက ၇ယောက်ပါ။သူ နိုင်မယ်ထင်ခဲ့တာ။ဘာလို့ အခုမှ၆ယောက်လဲ။သူစည်းရုံးခဲ့တဲ့သူတစ်ချို့ကိုကြည့်လိုက်တော့ ထိုတစ်ယောက်။ထိုတစ်ယောက်ပါမလာဘူးဘဲ။ထိုသူက ဗာမာန်ရာစုဘက်ကပဲလား။

ဒေါ်နုနုသက် အပါအဝင် ဉီးဝဏ္ဏပါ မျက်မှာမဲကျသွားသည်။

"ဒါဆို အခုသရေဖြစ်နေတော့..."

"ဘယ်သူက သရေလို့ပြောလိုက်လဲရှင့်"

အခန်းတံခါးဖွင့်ကာ ဝင်လာသူကို meeting room ထဲမှလူများအားလုံးကြည့်လိုက်ကြသည်။

"ဆောရီးနော်...နည်းနည်းနောက်ကျသွားတယ်ရှင့်"

ရာစုဘက် လှည့်ကာ ဆိုလာသူကို ရာစု ပြုံးပြပြီးခေါင်းငြိမ့်ပြလိုက်သည်။အားလုံးကတော့ ဘာတွေလဲ။ဘယ်သူလဲ သိချင်နေကြသည့်ပုံ။

"ကျွန်မက ယွန်းဝတီပါ။Mahar လုပ်ငန်းစုရဲ့ ကိုယ်စားလှယ်လို့ဆိုပါတော့"

Love Behind The Complexity Where stories live. Discover now