Part 8

980 70 7
                                    

"မားရေ..သား ပြန်လာပြီ"

make up ပစ္စည်းများထည့်ထားသည့် luggage ကိုဆွဲကာအိမ်ထဲဝင်လာသည့် နောင်နောင်။

"ဟင်...မား နေမကောင်းဘူးလား"

ဆိုဖာပေါ်တွင်မှီက ရှုဆေးရှုနေသည့် မား အနားသို့သူသွားထိုင်လိုက်သည်။သူ့ဘဝတွင် မား သည်အရေးကြီးဆုံးဖြစ်သည်။ပါး ကတော့ အင်းးး နောင်ကျသိရမှာပါ။

"အဆင်ပြေခဲ့လား နောင်နောင်"

"သား ပြေပါတယ်။မား အခုဘယ်လိုနေလဲဟင်။ဆရာဝန် ခေါ်လိုက်ရမလား"

"နေ..နေ နောင်နောင်။မား ဘာမှမဖြစ်ဘူး"

သွဲ့ရှင်းနောင် အိမ်ခန်းထဲဝေ့ကြည့်ကာ

"ပါး ဘာပြောသေးလဲ။သူ အခုထိပြန်မလာသေးဘူးလား"

သူ ယခုလိုပြောလိုက်တော့ မား မျက်နှာပျက်သွားကာ မျက်ရည်စတွေဝဲလာတာသူတွေ့လိုက်ရသည်။

"ခါတိုင်းလိုပဲပေါ့"

"တွေးမနေပါနဲ့ မား။သက်သာအောင် ခနနေကျရင် စိတ်ပြေလက်ပျောက်သားနဲ့အပြင်သွားကြမယ်"

မား အခြေအနေလည်း အနည်းငယ်သက်သာနေတာမို့ luggage ကိုဆွဲကာ နောင်နောင် သူ့အခန်းထဲဝင်ခဲ့လိုက်သည်။စိတ်ထဲက အပူလုံးကလည်းယခုထိမကျသေး။ဆိုရှယ်အနှံ့ပျံ့နှံ့နေသည့်သူ့သတင်းများကြောင့် သူ့ကိုမည်သူမှမသိသော်လည်း နောင်နောင်ရှောင်ပုန်းနေရသည်။

*အလှပဂေးတစ်ဉီးထွက်ပေါ်လာ

*မိန်းကလေးအချင်းချင်းတောင် အားကျယူရတဲ့တက်သစ်စမော်ဒယ်လေး

*ထိုမော်ဒယ်လေးက အားလုံးရဲ့အသည်းစွဲ ဒေါင်းကိုကျော်တော့မှာလား

စသော စသော positive feedback ဖြင့်လည်းကောင်း၊negative feedback ဖြင့်လည်းကောင်း တုံ့ပြန်ဝေဖန်နေကြသောကြောင့် နောင်နောင်မှာပို၍ပင်စိတ်ရှုပ်ထွေးနေရသည်။

မာမီကိုလည်း ကြေငြာရိုက်ဖို့၊ဇာတ်ကားရိုက်ဖို့ သူ့အားကမ်းလှမ်းလာသူများကလည်း မနည်းမနော။သူဟာ အားလုံးထင်နေကြသလို မိန်းခလေးမဟုတ်ကြောင်းဘယ်လိုပြောရမလဲ။

Love Behind The Complexity Where stories live. Discover now