Part 7

932 71 4
                                    

"အစ်ကို့...အစ်ကို့"

ရှင်းဟန် သူ့နောက်ကခေါ်သံကြားသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်သောအခါ သူ့ဆီကိုအပြေးတစ်ပိုင်းလှမ်းလာတဲ့သူ။နေပါအုံး။သူ့ကိုမြင်ဖူးနေတယ်။ရှင်းဟန် ဉီးနှောက်ကိုတစ်ချက်အလုပ်ပေးလိုက်သောအခါ သူ့ဆီလာနေတဲ့သူကို မှတ်မိသွားသည်။

"အော်...ညီလေး ဘာကိစ္စရှိလို့လဲ"

သူ့ဆီရောက်လာသောသူမှာ အောင်ကြီးကိုအရင်ကြည့်သောကြောင့် ရှင်းဟန်သဘောပေါက်လိုက်သည်။ထို့ကြောင့်

"အောင်ကြီး...မင်းအရင်သွားနှင့်။ပြီးမှ လိုက်လာခဲ့မယ်"

"အသိတွေလား"

အချင်းချင်းပြောချင်တဲ့စကားကိုသိတာမို့ ရှင်းဟန် ခေါင်းသာငြိမ့်ပြပြီး သူပြောတဲ့အတိုင်းသာလုပ်ဖို့အထာပေးလိုက်သည်။အောင်ကြီး ထွက်သွားတော့မှသာ

"အစ်ကို ကျွန်တော့်ကိုမှတ်မိသေးရဲ့လားဗျ"

"မှတ်မိတာပေါ့ကွ...ဘယ်လိုလဲ မင်း boss လဲပြေးနေရတုန်းလား"

ရှင်းဟန် ရွှတ်နောက်နောက်ပြောလိုက်သည်။

"ကျွန်တော် အဲ့ကိစ္စကိုပဲပြောမလို့ပါ"

ရှင်းဟန် ကြောင်သွားရသည်။သူ့ boss ပြေးနေရတာသူ့ကိုဘာပြောစရာရှိလို့လဲ။ရှင်းဟန် လက်ကိုပိုက်၊မျက်ခုံးတန်းနှစ်ဖက်အား လက်နှင့်ဖိကာသူပြောမဲ့စကားကို ဆက်နားထောင်နေလိုက်သည်။

"တရားဝင် ထပ်မိတ်ဆက်ပေးပါရစေ။အစ်ကို ပြေးနေရတဲ့လို့ခနခနပြောတဲ့သူက Rarh Cu Construction ရဲ့ CEO ဗာမာန်ရာစုပါ။ကျွန်တော်က ရာစုရဲ့ အနီးကပ် secretary ဟန်လင်းသန့်ပါ"

"ဟုတ်ပြီ ကိုယ့်နာမည်ရောမှတ်မိသေးတယ်မလား"

"ဟုတ် ဟုတ်မှတ်မိပါတယ်ဗျ။ကျွန်တော် အစ်ကို့ဆီကအကူအညီတောင်းစရာရှိလို့ပါ"

"ကိုယ့်လိုလူဆီက မင်းတို့အတွက်ဘာကူညီနိုင်မှာမို့လို့လဲ"

"Bodyguard အဖြစ်တာဝန်ထမ်း
ဆောင်ပေးဖို့ကမ်းလှမ်းချင်လို့ပါ"

"Bodyguard"

ရှင်းဟန် သံယောင်လိုက်ပြီးပြောလိုက်သည်။နေအုံး။သူတို့က ရှင်းဟန်အကြောင်းဘာသိလို့လဲ။လွယ်လွယ်နဲ့ သက်တော်စောင့်အဖြစ်လာကမ်းလှမ်းတယ် ဆိုတာရူးမိုက်လွန်းမနေဘူးလား။

Love Behind The Complexity Donde viven las historias. Descúbrelo ahora