Part 9

1.1K 74 5
                                    

"ပေးပါ ကိုကိုလေး...ကျွန်မတို့သယ်ခဲ့ပါမယ်"

"ဗျာ! ကျွန်တော့်နာမည် သင်တိုင်းရှင်းဟန်ပါ။ရှင်းဟန် လို့ခေါ်လို့ရပါတယ်"

"သခင်လေးက အခုလိုပဲခေါ်ဖို့မှာထားလို့ပါ"

"မဟုတ်တာ။ရှင်းဟန် လို့ပဲခေါ်ပါ။ကျွန်တော်...သူ့ကိုပြောလိုက်ပါ့မယ်"

အိမ်အကူကောင်မလေးများမှာ အင်တင်တင်လုပ်ပြီးမှ ရှင်းဟန်၏luggage ကိုလာဆွဲသောကြောင့်

"ကျွန်တော်နေရမဲ့အခန်းကိုသာပြပေးပါ။ကျွန်တော့်ဘာသာသယ်ပါ့မယ်။အလုပ် သမားချင်းအတူတူပဲ"

ရှင်းဟန် ထိုသို့ပြောတော့အိမ်အကူကောင်မလေးများမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

အလုပ်သမား?။

သခင်လေးပြောတာ ဒီလိုမှမဟုတ်တာ။အိမ်အကူကောင်မလေးများမှာ ထပ်မပြောတော့ဘဲ ရှင်းဟန်နေရမည့်အခန်းကိုသာပြပေးလိုက်သည်။အခန်းရှေ့ရောက်တော့ ရှင်းဟန် ကျေးဇူးတင်ကြောင်းပြော၍အခန်းထဲဝင်ခဲ့လိုက်သည်။

အာပါးပါး...ခမ်းနားလိုက်တဲ့အခန်း။အခန်းတွင်းရှိ ပစ္စည်းများမှာ အဆင့်မြင့် brand တွေချည်းပဲမို့ ရှင်းဟန် ထိတောင်မထိရဲ့။အိပ်ယာပေါ်သာထိုင်နေမိသည်။အခန်းအတွင်းထဲတွင် ဘာပစ္စည်းတစ်ခုကိုမှလိုအပ်ချက်မရှိအကုန်ပြီးပြည့်စုံအောင်ထားထားသည်။

ရေချိုးခန်းဝင်ကြည့်တော့လည်း တစ်ကိုယ်ရေသုံးပစ္စည်းကအစ အစုံအလင်ပင်။

"Bodyguard တစ်ယောက်က ဒီလောက်ဇိမ်ခံရမယ်လို့ တစ်ခါမှမတွေးဖူးဘူး"

ရေချိုးခန်းထဲရှိ မှန်ရှေ့တွင်ရပ်ကာ ရှင်းဟန် ခါးထောက်၍ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြောနေသည်။တစ်လက်စတည်း ရေပါဝင်ချိုးပစ်လိုက်သည်။

ဒေါက်...ဒေါက်

"ကိုကိုလေးရှင့်...."

"ကိုကိုလေး.."

"ဟ! ဘာနာမည်ကြီးတုန်း။မခေါ်ပါနဲ့ပြောထားတာကိုထပ်ခေါ်ကြပြန်ပြီ။ငါရှင်ချင်တယ်"

ရှင်းဟန် ရေချိုးပြီး၍မှန်ရှေ့ သ နေတုန်းခေါ်သံကြောင့်တံခါးသွားဖွင့်လိုက်သည်။

Love Behind The Complexity Where stories live. Discover now