Part 5

1K 70 7
                                    

"ဟဲ့ မော်ဒယ်ကအခုထိမရောက်သေးဘူးလား"

"မရောက်သေးဘူး မာမီရေ"

"ကျစ်!နာမည်လေးရလာပြီဆို နောက်ကျရတာနဲ့ အချိန်ဆွဲရတာနဲ့။အချိန်ဘယ်လောက်ကျန်သေးလဲ"

"၄၅မိနစ်ရသေးတယ်မာမီ။"

"ငါဖုန်းထပ်ဆက်ကြည့်အုံးမယ်။မိတ်ကပ်ပြင်အုံးမှာနဲ့ အဝတ်လဲအုံးမှာနဲ့ဆို ဒီအချိန်လောက်သေးတယ်"

မိတ်ကပ်ခန်းထဲတွင် တစ်ချို့သောမော်ဒယ်လေးများမှာ ကိုယ်ပိုင် stylist များနှင့်အဆင်ပြေပြေရှိကြသည်။မဖြစ်သေးတာက ဒီနေ့ပွဲရဲ့ main model ကရောက်မလာသေးတာပင်။လက်တလော social media ကြားမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေသူ။သူမ၏ နာမည်မှာ ဒေါင်း။

"နောင်နောင် ဒါလေးကူပေးပါအုံး"

"လာပြီနော်"

ချိုသာစွာထွက်ပေါ်လာသော အသံလေးမှာ မိတ်ကပ် stylist များ၏အားကိုရာလေးဖြစ်သည်။‌

"ဒေါင်း ကို နောင်နောင် တာဝန်ယူထားတာမလား"

"ဟုတ်ဗျ။ဒါပေမဲ့ နောင်နောင် စိုးရိမ်နေတာ အချိန်လောက်ပါ့မလားလို့။သူက main ဆိုတော့တစ်ခုခုမှားယွင်းမှာစိုးတယ်"

သွဲ့ရှင်းနောင်။သူ့နာမည် သွဲ့ရှင်းနောင်ဖြစ်သည်။ အပြင်အဆင်မှာယောက်ျားလေးပမာပင်။အမှန်လဲ ယောက်ျားလေးပါ။သို့သော် ဝတ်ပုံစားပုံကြောင့်သာ ယောကျာ်းလေးလို့ထင်ရခြင်း။သူ၏အသားအရည်၊ကော့စင်းသောမျက်တောင်များ၊ပန်းရောင်သမ်းနေသော နှုတ်ခမ်းလေးများဆိုမိန်းခလေးရှုံးအောင်လှသည်။

သွဲ့ရှင်းနောင်သည် make up stylist ကိုစိတ်ဝင်စားသူဖြစ်သည်။ထို့အတူပင် သွဲ့ရှင်းနောင်မှာ နာမည်ရမိတ်ကပ်ပြင်သူလဲဖြစ်သည်။ပွဲတိုင်းတွင် သွဲ့ရှင်းနောင်နှင့်မာမီတို့မှာမပါမဖြစ်။သူတို့ကိုရဖို့ဆို အနည်းဆုံး၃လလောက်ကြိုချိန်းရသည်ထိ အောင်မြင်နေသူများလဲဖြစ်သည်။

မိတ်ကပ်အခန်း၏ အပြင်ဘက် ခန်းမထဲတွင်တော့ မီးရောင်စုံများနှင့်စည်ကားသိုက်မြိုက်နေပေသည်။ပွဲတက်ဖို့ဖိတ်ကြားခံရသည့်ဧည့်သည်များနှင့်မီဒီယာများမှာလဲသူ့အလုပ်နှင့်သူ။စီးပွားရေးရှင်များမှာ ယခုပွဲကိုအခွင့်ယူကာ မိတ်ဖက်ရှာနေကြသည်။

Love Behind The Complexity Where stories live. Discover now