Part 10

989 54 7
                                    

"ညက အိပ်ရတာအဆင်ပြေရဲ့လား ကောင် ကလေး"

"ပြေပါတယ်...အခန်းကအရမ်းကြီး ကျယ်နေတာကလွဲရင်ပေါ့"

"ဒါက မင်းအတွက်သီးသန့်ပြင်ထားတာမို့ နေသားကျအောင်လေ့ကျင့်ပါ။ပြီးတော့ သခင်လေးကို မင်းလက်ထဲအပ်ပါတယ်။သေချာဂရုစိုက်ပေးပါ။"

"စိတ်ချပါ။ကျွန်တော် ရာစုကို တာဝန်ထမ်းဆောင်နေတဲ့အချိန်အတွင်း ကိုယ့်အသက်ထက်ကာကွယ်ပြီးစောင့်ရှောက်မှာပါ"

"သခင်လေး ဒီတစ်ခါလူရွေးမမှားပါစေနဲ့"

တိုးတိုးလေးပြောကာ ထွက်သွားသော အိမ်တော်ထိန်း မာမာ၏စကားကို ရှင်းဟန် သိပ်နားမလည်။သို့ပေမယ့် သူ အတတ်နိုင်ဆုံး ဒီကောင်လေးကိုကာကွယ်စောင့်ရှောက်မည်။ဒီကောင်လေးအတွက် သူဘာပဲလုပ်ရလုပ်ရ လုပ်မည်။မနေ့ညက အိမ်တော်ထိန်းရဲ့တစ်ချို့သော ပြောစကားတွေအရ မေတ္တာငတ်ခဲ့သော၊ trauma ရနေသော ဒီကောင်လေးကို စိတ်အခြေအနေပြန်တည်ဆောက်နိုင်အောင်ကူညီမည်။

"ဘယ်ဆိုးလို့လဲ ခင်ဗျား ဒီဝတ်စုံနဲ့လိုက်တယ်"

ကြောင်လိမ်လှေကားပေါ်မှ ထွက်ပေါ်လာသောအသံ။ရှင်းဟန် လှေကားကိုအကြည့်ပို့တော့ suit အပြည့်ဝတ်ထားပြီး လက်မှ နာရီကိုပတ်နေရင်းဆင်းလာသော ရာစုကိုတွေ့လိုက်ရသည်။

"ငါက ဘာဝတ်ဝတ်လိုက်တယ်။အရမ်းလည်း ချောတယ်။ခန့်တယ်။ခိုက်စရာကောင်းတယ်။မင်းတောင် ငါ့ရဲ့ခန့်ညားမှုမှာမေ့မျောသွားမှာစိုးတယ်။စိတ်ထိန်းအုံးနော်..."

"အိုဟိုး...ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက် နေပါလား"

"ဒီလိုဆိုးဟိုက်နိုင်အောင် ခန့်ညားနေတော့လည်း ဘယ်သွားသွားလက်မထောင်နိုင်တယ်လေ"

"ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ။အမလေး စကားကိုနိုင်အောင်ပြောလို့မရဘူး"

"မနက်အစောတုန်းက ဟန်လင်းသန့် ကားလာထားသွားတယ်"

"အင်း...ကျွန်တော်သိတယ်"

"ကားလာထားတော့ မင်းကိုယ်တိုင်မောင်းမို့လား"

"မဟုတ်ပါဘူး။ခင်ဗျား မောင်းရမှာလေ"

Love Behind The Complexity Where stories live. Discover now