~1~

398 14 0
                                    


ဖွံ့ဖြိုးဆဲရပ်ကွက်လေးတစ်ခုရဲ့ အစွန်မှာရှိတဲ့ အိမ်ပုလေးရှေ့တွင် အမူးသမားတစ်ယောက် အော်ဟစ်ကာသောင်းကျန်းနေသည်။

"ရဲခမောင် ဟေ့ ရဲခမောင်
ငါ့အကြွေးဆပ်စမ်း"

"ဟို အဖေအိမ်မှာမရှိဘူး အကို အရက်ဆိုင်သွားတယ်"

"အေး ဉီးစိုးကြီးက မင်းဆီမှာသွားတောင်းဆိုလို့ လာတာ ဘယ်မလဲ ငါ့ပိုက်ဆံငါးသောင်း"

"ကျွန်တော့်မှာ နှစ်သောင်းပဲရှိတယ် အဲဒါအရင်ယူသွားလေ နောက်မှ သုံးသောင်းလာပေးပါ့မယ် "

"မလိုချင်ဘူး ခုပေး"

"ကျွန်တော်နေမကောင်းလို့ အလုပ်မသွားနိုင်တာကြောင့်ပါ နောက်ရက်ကျဆပ်ဆပ်လာပေးပါ့မယ် နော်"

"ငါ့ဆီက ယူတုန်းက ဒီသောက်ခွက်လား
ခုပေးဆို ပေးလေ သောက်ခွေးကောင်ရဲ့"

ရဲခမောင်ကို ရိုက်ဖို့ လက်ရွယ်စဉ် ထိုလူရှေ့တည့်တည့် မောင်းချလာသော ကားဖြူတစ်စီး။

"ဟ ရပ်စမ်း ငါ့ကိုတိုက်မိရင် အကုန်မသာပေါ်ကုန်မယ်"

ကားလေးရပ်သွားပြီး ကားပေါ်မှ နှစ်ဆယ်ကျော်ဝန်းကျင် မိန်းကလေးတစ်ယောက်ဆင်းလာသည်။ မြန်မာဆန်ဆန် ယဉ်ယဉ်လေးဝတ်ထားပြီး မျက်နှာလေးမှာ ကျော့ရှင်းလှပသည်။ မျက်ဝန်းတွေကတော့ စူးရှလျှက်။

"ဒီသောက်ကောင်မ  ကားကိုဘယ်လိုမော......"

"ဖြန်း!!"

"ငါ့ကိုများရိုက်ရဲ......."

"ဖြန်း!!"

"ခုနကြည့်နေထဲက ရှင်ပုံစံအချိုးကသိပ်မပြေဘူး"

"ဒီကောင်မ....."

"ဖြန်း!!!!"

အမူးသမားခဗျာ မျက်လုံးများပြူးလျှက် အမူးပြေသွားပုံရသည်။

"ခုနက ဘာလုပ်နေတာလဲ"

"ဉီးစိုးကြီးသားကို အကြွေးတောင်း..."

"ဖြန်း!!!"

"မှန်မှန်ပြော"

"ခုန ကျွန်တော်ဘာလုပ်နေတာလဲဟင်"

"ရှင်ခုနက လက်ရွယ်လိုက်တာ ဘယ်သူလဲသိလား"

"ဉီးစိုးကြီးသား ရဲခ....."

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now