~17~

53 3 0
                                    




ရာသီဉတုကအတော်ကြည်လင်နေသည်။
နေအလင်းရောင်တောက်ပနေတဲ့ ကောင်းကင်ပြင်ကျယ်တွင် တိမ်တစ်စတစ်လေမျှမရှိ။
တိုက်ခတ်နေတဲ့ လေပြင်းကလည်း အေးအေးလူလူမဟုတ် ပူပြင်းလှသည်။
ခြံထဲရှိ သစ်ပင်သစ်ရိပ်တွေက အပူဒဏ်ကိုအနည်းငယ်မျှ ကာကွယ်ထားနိုင်ရုံ။

ဒီနေ့အိမ်မှာ တစ်ယောက်မှမရှိ သူမကလွဲပြီးကျန်တဲ့လူအကုန် အပြင်မှာမုန့်စားထွက်ကြလေသည်။ အိမ်ထဲမှာပဲ မနေချင်တာမို့ ခြံထဲဆင်းကာ ပွင့်အာနေသော ပန်းပွင့်တွေကို လိုက်လံနမ်းရှိုက်ကြည့်နေ၏။


"တီတီတီ  တီတီတီ..."

"ဟလို ခေအမ် (KM)"

တဖက်ကခေါ်တဲ့နာမည်ကြောင့် အပြင်လူသိသွားမှာစိုးသဖြင့် အိမ်ထဲပြန်ဝင်ပြီးမှ ဆက်နားထောင်သည်။


"အင်း  ပြော'"



"လူသစ်ထဲမှာသူလျှိုရှိတယ် ခေအမ် ကျွန်တော်တို့အသိနောက်ကျသွားတယ်၊
အဖွဲ့ထဲက လူငါးယောက် အသတ်ခံလိုက်ရတယ် ပြီးတော့ ဧက ၂၀ လောက် ပြာကျသွားတယ်"


"အင်း ဘယ်သူလဲသိလား"


"ဟုတ် သိပါတယ်  သူက ဝိုင်(Y)နဲ့ပဲ ထိပ်တိုက်တွေ့ချင်တယ်လို့ စာပို့ထားပါတယ် "

"အင်း နေရာကို မက်ဆေ့ခ်ျပို့ထားလိုက်"

"ဟုတ်ကဲ့ ခေအမ်"


ဖုန်းကျသွားပြီးခနအကြာ မက်ဆေ့ခ်ျဝင်လာသည်။ နေရာ၊ အချိန်နဲ့ ဆုံးရှုံးသွားတဲ့စာရင်းအတိအကျ။
နေရာကိုကြည့်ခြင်းအားဖြင့် ဉီးဟိန်းလက်အောက်ကလူဖြစ်ရမည်။



ဒီလပိုင်းတွေမှာ မိသားစုဘက်ကိုအာရုံစိုက်ထားရတာမို့  အလုပ်တွေအားလုံးကို အဖွဲ့ထဲမှ စိတ်အချရဆုံးသူလက်ထဲ အပ်ထားခဲ့သည်။ လက်ထပ်ပွဲနေ့က အဖွဲ့ထဲလူသစ်တွေထပ်တိုးတယ်လို့ လှမ်းအသိပေးထားပေမဲ့ ပေါ့ပေါ့လျော့လျော့ပဲ ထားခဲ့မိတာကြောင့် အခုတော့ မြွေပွေးကိုခါးပိုက်ပိုက်မိချေပြီ။



"ပျို ဘာကိစ္စလဲ"



"ပျိုတို့ငွေအိတ်ကို မီးရှို့တဲ့ကိစ္စ
လုပ်ကြံသူက ထက်ပိုင်ဆိုတဲ့သူ ဉီးဟိန်းလက်အောက်ကလူပဲလို့ထင်တယ်"

 အစ်မကောင်လေးငါ့ကောင်လေး အစ်မယောကျာ်း ငါ့ယောက်ျား(ongoing)Where stories live. Discover now